ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

အင်းလေးတောင်ဖက်ခြမ်းက ဒေသခံပြည်သူတွေ စစ်ရှောင်နေရ

အင်းလေးတောင်ဖက်ခြမ်းက ဒေသခံပြည်သူတွေ စစ်ရှောင်နေရ

Hsan Loi Editor
09/02/2025
Share:

 

အင်းလေးတောင်ဖက်ခြမ်းမှာ ဒေသခံတော်လှန်ရေးတပ်နဲ့စစ်ကောင်စီတပ်ကြား စစ်ရေးတင်းမာနေတဲ့အတွက် ဒေသခံပြည်သူတွေဟာလက်ရှိ ဘေးလွတ်ရာကိုရွှေ့ပြောင်းနေကြရတယ်လို့ သိရပါတယ် ။

 

” အင်းတောင်ဖက်ခြမ်းကအခြေအနေမကောင်းဘူး စက်လှေ အများကြီးပဲ စစ်ရှောင်လာကြတာ ဘယ်ဖက်ကိုသွားမလဲ မသိဘူး အစီး ၃၀ ကျော်မယ် ” လို့ အင်းလေးဒေသခံတစ်ဦးကပြောပါတယ် ။

 

 

အင်းတောင်ခြမ်းမှာ စစ်ကောင်စီနဲ့ လက်အောက်ခံပအိုဝ်းပြည်သူ့စစ် PNA တို့ဟာ လက်နက်ကြီးနဲ့ပစ်ခတ်ခြင်းအင်အားဖြည့် တင်းပြီး စစ်ဇုံအဖြစ် သတ်မှတ်လာခြင်းတွေကြောင့် စစ်ကောင်စီတပ်နဲ့တော်လှန်ရေးတပ်တွေကြား စစ်ရေးတင်းမာမှုဖြစ်ပွားနေတဲ့အတွက် ဒေသခံတွေ ဘေးလွတ်ရာရှောင်တိမ်းနေကြရတယ်လို့ သိရပါတယ် ။

 

 

ဖေဖော်ဝါရီလ ၇ ရက်နေ့ကလည်းအင်းလေးဒေသ ညောင်ရွှေမြို့နယ် ၊ ရေပူကျေးရွာအုပ်စု ၊ ရေပူကျေးရွာကို စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ PNA ပြည်သူ့စစ်တို့က စံကားအင်း အနောက်ကမ်းကနေပြီးလက်နက်ကြီး နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက်လူနေအိမ်တွေ မီလောင်ခဲ့ရတယ်လို့ သိရပါတယ် ။

 

Photo -voiceofinle ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် အင်းတောင်ခြမ်းမှ ပြောင်းရွှေ့နေသည့် စစ်ရှောင်ပြည်သူများ