ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

အင်းတိုင်းရင်းသားရေးရာဝန်ကြီးဟောင်း ဒေါက်တာထွန်းလှိုင် တိမ်းရှောင်ရင်း လူကြီးရောဂါဖြင့် ကွယ်လွန်ပြီဟုဆို

အင်းတိုင်းရင်းသားရေးရာဝန်ကြီးဟောင်း ဒေါက်တာထွန်းလှိုင် တိမ်းရှောင်ရင်း လူကြီးရောဂါဖြင့် ကွယ်လွန်ပြီဟုဆို

Hsan Loi Editor
12/10/2023
Share:

 

၂၀၁၅ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ အင်းတိုင်းရင်းသားရေးရာဝန်ကြီးအဖြစ်တာဝန်ယူခဲ့သော ဒေါက်တာထွန်းလှိုင်သည် လွန်ခဲ့သည့် (၂) ပတ်ခန့်ကတည်းက ကွယ်လွန်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

 

ဒေါက်တာထွန်းလှိုင်သည် စစ်ကောင်စီမှ အာဏာမသိမ်းခင် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ (၃၁) ရက်နေ့ညတွင် ဖမ်းဆီးခံခဲ့ရပြီး တစ်လခန့်အကြာ၌ ပြန်လည်လွတ်မြောက်လာခဲ့သည်။

 

ထို့နောက် ထွက်ပြေးတိမ်းရှောင်နေရပြီး ကွယ်လွန်ချိန်တွင်လည်း ထွက်ပြေးတိမ်းရှောင်ရင်း လူကြီးရောဂါဖြင့် ကွယ်လွန်ခဲ့ရခြင်းဖြစ်သည်။ ကွယ်လွန်ပြီး (၂) ပတ်ခန့်အကြာရောက်မှ မိသားစုဝင်များက သိရှိရပြီး ၎င်း၏ဈာပနအခမ်းအနားကိုလည်း မိသားစုတစ်ဦးမှ ပါဝင်ခွင့်မရခဲ့ပါ။

 

ဒေါက်တာထွန်းလှိုင်သည် အင်းလေးဒေသတစ်လျှောက်တွင် ဒေသခံပြည်သူများအား စေတနာဖြင့် ဆေးဝါးကုသပေးသူတစ်ဦးအဖြစ် ထင်ပေါ်ကျော်ကြားသူဖြစ်သည်။