ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
လွိုင်ကော်-ဆီဆိုင် လမ်းမကြီးတစ်လျောက်မှာ အချိန်မ ရွေးတိုက်ပွဲ ဖြစ်ပွားနိုင်တာကြောင့် လက်ရှိခရီးသွားလာခြင်းမပြု ဖို့ KNDF ဗျူဟာအမှတ် ၂ ကထုတ်ပြန်ထားပါတယ် ။
စစ်ကောင်စီ တပ်တွေဟာ နည်းလမ်းပေါင်းစုံနဲ့ စစ်ရေးလှုပ်ရှားမှု ပြု လုပ်နေပြီး အဲဒီလမ်းမကြီးတစ်လျောက်မှာ အချိန်မရွေး ထိတွေ့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်တာကြောင့် လမ်းပိတ်လိုက်ကြောင်းကို KNDF ဗျူဟာအမှတ် ၂ က မတ်လ(၂၀)ရက်မှာ ထုတ်ပြန်ထားတာပါ။
လွိုင်ကော်-ဆီဆိုင် လမ်းမကြီးကို မတ်လ ၂၀ ရက်မှစကာ ရက်အကန့်အသတ်မရှိ ယာဉ်ကြီး၊ ယာဉ်ငယ်နဲ့ ခရီးသွားလာတာတွေကို ခေတ္တယာယီ ရပ်ဆိုင်းထားပြီး ပြည်သူ လူထုလုံခြုံရေးအတွက် အထူးသတိပြု လိုက်နာပေးကြဖို့ ဖော်ပြထားပါတယ်။
နယ်မြေလုံခြုံရေး နဲ့ စစ်ရေးအခြေအနေအရ ပြည်သူတွေအနေနဲ့ မဖြစ်မနေ လိုက်နာပေးကြဖို့ဖော်ပြထားပြီး ပြန် လည်သွားလာနိုင်မယ့် အချိန်နဲ့ နေ့ရက်ကို ပြန်လည်အသိပေးသွားမှာဖြစ်ကြောင်းနဲ့ ထုတ်ပြန်ချက်အတိုင်း လိုက်နာမှုမရှိပါက ဖြစ်ပေါ်လာမယ့် အကြောင်းအရာများအားလုံးကို မိမိတို့ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဗျူ ဟာအမှတ်(၂)က တာဝန်ယူပေးမှာ မ ဟုတ်ကြောင်း အသိပေးထားပါတယ်။