ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

အကြွေးကိစ္စစကားများပြီး ဓါးနှင့်တိုက်ခိုက်ရာ အူများထွက်ကျလာ၍ မန္တလေး ဆေးရုံသို့ပို့လိုက်ရ

အကြွေးကိစ္စစကားများပြီး ဓါးနှင့်တိုက်ခိုက်ရာ အူများထွက်ကျလာ၍ မန္တလေး ဆေးရုံသို့ပို့လိုက်ရ

Hsan Loi Editor
15/07/2023
Share:

 

ဇူလိူင်လ ၁၄ ရက် ယမန်နေ့ မွန်းလွဲပိုင်း ၁ နာရီဝန်းကျင်ခန်တွင် ပြည်ကြီးတံခွန်မြို့နယ် ၁၂၅ လမ်း၊ လမ်း ၆၀-၆၁ ကြား၌ လူငယ်အချင်းချင်း အကြွေးတောင်းရာမှ ခိုက်ရန်ဖြစ်ပွားပြီး အသက် ၁၆ နှစ်အရွယ်တဦး ဓါးဖြင့်အထိုးခံရကြောင်း သိရသည်။

ဓါးထိုးခံရပြီး အူများပါ ထွက်ကျလာ၍ ရွှေမဥ္ဇူပရဟိတအသင်းမှ မန္တလေးပြည်သူ့ဆေးရုံသို့ ချက်ခြင်း ပို့ပေးလိုက်ကြရကြောင်း သိရသည်။

မန္တလေးမြို့ဧရိယာအတွင်း မကြာခဏ ဖုန်း၊ ဆိုင်ကယ်လုယက်မှုများ၊ ခိုးမှုများ၊ အိမ်ရာမဲ့ပြဿနာများ၊ အိမ်ခြံမြေပြဿနာများ ဖြစ်ပွားလျက်ရှိသည်ကို တွေ့ရသည်။

ယမန်နေ့တွင်လည်း လမ်း ၃၀ မန္တလေးဆေးရုံကြီးတဝိုက်တွင် လူငယ် ၂ ဦးက ဆိုင်ကယ်စီးကာ ဖုန်းလိုက်လံလုယက်နေကြောင်း သိရသည်။

မန္တလေးမြို့ခံတဦးက အနယ်နယ်အရပ်ရပ်မှ မန္တလေးသို့ ဆေးလာကုမည့်သူများ၊ အလည်အပါတ် လာရောက်မည့် ဒေသခံများ၊ အဖိုးတန်လက်ဝတ်ရတနာများ ဝတ်ဆင်၍ သွားလာခြင်းကို ရှောင်ရှားရန် ပြောပါသည်။

 


Ref: ရွှေမဉ္ဇူပရဟိတအသင်း