ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ရှိ ရှားတောကျေးရွာမှာ ယမန်နေ့ဩဂုတ်လ (၂၀)ရက်နေ့က (Chin National Defense Force – CNDF) ရဲဘော်တစ်ဦးအား အကြမ်းဖက်စစ်ကောင်စီက မီးရှို့သတ်ဖြတ်ခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်မှသိရသည်။
ကလေးမြို့မှ ရှားတောကျေးရွာဘက်သို့ စစ်ကြောင်း ထိုးလာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် CNDF တပ်ဖွဲ့ဝင်တွေကြား ယမန်နေ့က အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားပြီးနောက် CNDF ရဲဘော် ဆလိုင်း ဗန်ထဘိခ့် Salai Van Tha Bik (အသက် ၂၆ နှစ်) အဖမ်းခံခဲ့ရကြောင်း သိရသည်။
ဖမ်းဆီးခံရသော ရဲဘော်အား စစ်ကောင်စီတပ်ဖွဲ့မှ သတ်ဖြတ်ပြီးပြီး ရှားတောကျေးရွာမှ နေအိမ်များကို မီးရှို့သည့်နေရာမှာ တစ်ပါတည်း ရှို့သွားတယ်လို့ CNO/CNDF ပြောခွင့်ရသူက ဒေသတွင်းမီဒီယာတစ်ခုကို အတည်ပြုပြောကြားထားပါသည်။
အဆိုပါ ရဲဘော်၏ ရုပ်အလောင်းကို တော်လှန်ရေးတပ်ဖွဲ့များက ခရစ်ယာန်ထုံးတမ်းအစဉ်အလာအတိုင်း ကျန်ရှိသော ရုပ်ကလပ်များကို မြေမြှပ်သဂြိုလ် ပေးခဲ့ကြောင်း သိရသည်။