ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
ယနေ့နေ့လည်ပိုင်းက လှုပ်ခတ်ခဲ့တဲ့ အင်အား ၇ ဒသမ ၇ အဆင့်ရှိ အင်အားပြင်း မြေငလျင် ကြောင့်ပြိုကျသွားတဲ့
အောင်ပန်းမြို့က ၅ ထပ် အဆောက်အဦး ဟိုတယ် အောင်ပန်း မှာ ည ၇ နာရီဝန်းကျင်အထိ အသက်ရှင်လျှက် ၁၅ ဦးနဲ့ (သေဆုံး)Dead body ၂ ဦး ဆယ်ထုတ်နိုင်ခဲ့တယ်လို့ အရေးပေါ်ကူညီ ကယ်ဆယ်ရေးတွေ လုပ် ဆောင်ပေးနေသူ ဆီကသိရပါတယ် ။
” ၅ထပ်ရှိတဲ့ ဟိုတယ်ကအပေါ်ဆုံး ၁ ထပ်ပဲကျန်ခဲ့ပါတယ် ၊ သေဆုံးသူတွေရှိပြီး ကျန်တာတွေလည်း ထပ်ရှာနေကြတုန်းပါပဲ အဆင်ပြေပါစေ ” လို့ အောင်ပန်းမြို့ခံ တစ်ဦးက ပြောပါတယ် ။
ဒီကနေ့ နေ့လည်ပိုင်းက လှုပ်ခတ်ခဲ့တဲ့ အင်အား ၇ ဒသမ ၇ အဆင့်ရှိ အင်အားပြင်း မြေငလျင်ကြောင့် သျှမ်းတောင်မှာ တောင်ကြီးမြို့အပါအဝင် အင်းလေး၊ ညောင်ရွှေ ၊ ဟိုပုံး ၊ ဆီဆိုင်၊ ပင်လောင်း၊ ရွာငံမြို့နယ်တွေနဲ့ လင်းခေး ၊ မောက်မယ်စတဲ့ မြို့နယ်တွေမှာ သာသနိက အ ဆောက်အဦးတွေ၊ စေတီတွေနဲ့ နေအိမ်အဆောက်အဦးတွေ အများအပြားပြိုကျပျက်စီးခဲ့တယ်လို့ သိရပါတယ်။