ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
ယမန်နေ့ညနေက (သျှမ်း-ထိုင်းနယ်စပ်၊ ထိုင်းဘက်ခြမ်း) ချင်းမိုင်နယ်စပ်၊ ဖန်မြို့နယ်၊ မွန့်ပင်နယ်မြေထဲတွင် မူးယစ်ကုန်ကူးသည့်အဖွဲ့တဖွဲ့နှင့် ထိုင်းအာဏာပိုင်တို့ ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ကြပြီး မူးယစ်ကုန်ကူးသည့်အဖွဲ့ဘက်မှ ၁၅ ဦးသေဆုံးသွားခဲ့သည်ဟု သိရသည်။
ယင်းအပြင် ထိုင်းအာဏာပိုင်များဘက်က အိုက်စ် မူးယစ်ဆေးဝါး (ကျောပိုးအိတ်) ၂၉ အိတ်ကို သိမ်းဆည်းရမိခဲ့သည်။
မူးယစ်ကုန်ကူးသည့်အဖွဲ့ဘက်မှ ၁၅ ဦးမှ ၂၀ ဦးအထိ သျှမ်းပြည်ဘက်မှ ဝင်ရောက်သွားကြခြင်းဖြစ်ပြီး ထိုင်းအာဏာပိုင်များက ကနဦး စစ်ဆေးရန် ဟန့်တားခဲ့သည်။ သို့သော် မူးယစ်ကုန်ကူးသည့်အဖွဲ့ဘက်မှ အမျိုးအစားမခန့်မှန်းနိုင်သော သေနတ်များဖြင့် စတင် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၁၀ မိနစ်ကြာခန့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြသည်။
ထိုင်းအာဏာပိုင်များက အသက်အန္တရာယ်ကိုစိုးရိမ်၍ ယမန်နေ့ညပိုင်းက ရုတ်တရက် ဝင်ရောက်ရှာဖွေခြင်း မပြုလုပ်ခဲ့ပဲ ဝိုင်းဝန်းပိတ်ဆို့ထားခဲ့ကြသည်ဟုဆိုသည်။
အခင်းဖြစ်ပွားရာကို ယနေ့ နံနက် ဝင်ရောက်ရှာဖွေကြရာ မူးယစ်ကုန်ကူးသည့်အဖွဲ့မှ ၁၅ ဦး သေဆုံးနေပြီး အိုက်စ် မူးယစ်ဆေးဝါး ကျောပိုးအိတ် ၂၉ လုံး၊ ရိုင်ဖယ်သေနတ် ၁ လက်၊ လက်ပစ်ဗုံး ၁ လုံးတို့ကိုပါ ရှာဖွေသိမ်းဆည်းရမိခဲ့သည်ဟုဆိုသည်။
Ref: maesaipress, Thai PBS
#HsanLoiVoice
https://instagram.com/hsan.loivoice?igshid=YmMyMTA2M2Y=
https://hsanloivoice.org/