ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ (၂၃) ရက်နေ့က စတင်ပြီး သျှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်နှင့်ဖယ်ခုံမြို့နယ်အတွင်း ကရင်နီပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်ဘက်က (၂၀၀) ဦးကျော် သေပြီး ကရင်နီပူးပေါင်းတပ်ဖွဲ့ဘက်မှ (၁၂) ဦး ကျဆုံးခဲ့ကြောင်း မိုးဗြဲ PDF တပ်ရင်း(၂) က ယနေ့တွင် ထုတ်ပြန်ဖော်ပြခဲ့သည်။
သျှမ်း-ကယား နယ်စပ်အတွင်း ပါဝင်တိုက်ခိုက်ခဲ့သော ကရင်နီပူးပေါင်းအဖွဲ့များထဲတွင် 1007 Mobye PDF၊ Phekhon Zone (KNDF)၊ 1001 Mobye PDF၊ 1002 PK PDF၊ PDF (KK) ၊ DMO PDF ၊ DMO Local PDF ၊ 1009 IPDF ၊ 1008 SSRY နှင့် မဟာမိတ်တပ်ပေါင်းစုများ ဖြစ်သည်။
တိုက်ပွဲအတွင်း စစ်ကောင်စီ၏ တပ်ရင်းမှူးအပါအဝင် အရာရှိများစွာ သေဆုံးခဲ့ပြီး လက်နက်ခဲယမ်း အမြောက်အများနှင့် စစ်ကောင်စီတပ်သားအချို့လည်း ဖမ်းဆီးရမိခဲ့ကြောင်း ဖော်ပြထားသည်။ စစ်ကောင်စီတပ်ဘက်မှလည်း လေကြောင်းဖြင့် (၂၆) ကြိမ် တိုက်ခိုက်ခဲ့ပြီး လက်နက်ကြီးများဖြင့်လည်း စစ်ဘေးရှောင်များရှိရာ နေရာများအထိ တိုက်ခိုက်ခဲ့ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် တွေ့ရသည်။
အထိနာခဲ့သော စစ်ကောင်စီတပ်များသည် ပင်လောင်းမြို့နယ် နမ့်နိန်ကျေးရွာဘုန်းကြီးကျောင်း အတွင်းရှိ သံဃာ(၃) ပါးအပါအဝင် ဒေသခံအပြစ်မဲ့ပြည်သူ (၂၂) ဦး ကို သတ်ဖြတ်ခဲ့ကြောင်း ဖော်ပြထားသည်။
ယနေ့အထိ ပင်လောင်းမြို့နယ်နှင့်ဖယ်ခုံမြို့နယ်အတွင်း တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲဖြစ်ကြောင်း သတင်းရရှိသည်။
photo credit & original uploader