ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

သျှမ်း-ကယားနယ်စပ်မြို့တွေမှာ ဓါတ်ဆီဝယ်ယူလိုရင် ရပ်ကွက်ထောက်ခံစာပြရ

သျှမ်း-ကယားနယ်စပ်မြို့တွေမှာ ဓါတ်ဆီဝယ်ယူလိုရင် ရပ်ကွက်ထောက်ခံစာပြရ

Hsan Loi Editor
08/12/2023
Share:

 

သျှမ်း – ကယားနယ်စပ်ဖြစ်တဲ့ ဆီဆိုင်မြို့နယ်နဲ့ မိုးဗြဲ – ပင်လောင်းနယ်စပ်တွေမှာ စက်သုံးဆီကို ဂါလံပုံးတွေနဲ့ဝယ်ယူလိုရင် ရပ်ကွက်ထောက်ခံစာ၊ မှတ်ပုံတင်ပြပြီး ဝယ်ယူနေရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

“ ဆီဆိုင်မြို့နဲ့ ပင်လောင်းနယ်စပ်မှာ ဆီကို ပုံးနဲ့ဝယ်မယ်ဆိုရင် ရပ်ကွက်ထောက်ခံစာပြရတယ် မှတ် ပုံတင်ပြရတယ် ၊ ဒီစက်သုံးဆီတွေ မပြတ်လပ်ခင်ကတည်းက တစ်ပါတ်လောက်ရှိပြီ အဲ့ဒီကန့်သတ်ချက်ကလေ ရိုးရိုးဆိုင်ကယ်နဲ့ကားပဲ ဖြည့်မယ်ဆိုရင် ပြစရာမလိုဘူး ၊ အဓိကက ကယားမှတ်ပုံတင်ဖြစ်လို့မရဘူးဆိုတဲ့သဘောပေါ့” လို့ ဆီဆိုင်မြို့နေသူတစ်ဦးကပြောပါတယ်။

ဒီလိုကန့်သတ်လိုက်တဲ့ ရည်ရွယ်ချက်ဟာ ကယား (ကရင်နီ) ပြည်ကို စစ်ကောင်စီက စက်သုံးဆီတွေ ဖြတ်တောက်လိုက်တဲ့သဘောဖြစ်ပြီး ဂါလံပုံးတွေနဲ့ ဝယ်ယူလိုသူတွေဟာ ဆီဆိုင်မြို့နယ်အတွင်းမှာ အမှန်တကယ် နေထိုင်တဲ့သူဖြစ်ကြောင်းနဲ့ အမှန်တကယ် လုပ်ငန်းလည်ပတ်နိုင်ဖို့လိုအပ်ကြောင်း ပြသနိုင်ရမှာဖြစ်ပြီး ထောက်ခံစာကိုတော့ ရပ်ကွက် အုပ်ချုပ်ရေးမှူးဆီမှာ သွားရောက်ယူရတယ်လို့ သိရပါတယ်။

“ ဒီနေ့ဆိုရင် ဆီဆိုင်မြို့နယ်ထဲမှာ ဓါတ်ဆီဆိုင်တွေ ပိတ်လိုက်ဖွင့်လိုက်ပဲ ဆိုင်ကယ်ရော ကားရော ကန့်သတ်ချက်နဲ့ပဲ ရောင်းပေးတယ် ၊ တစ်လီတာကို ၄၀၀၀ နီးပြီး” လို့ ဆိုပါတယ်။

မိုးဗြဲ- ပင်လောင်း နယ်စပ်မှာလဲ ဓါတ်ဆီပုံးနဲ့ဝယ်ယူလိုရင် ရပ်ကွက်ထောက်ခံစာပြမှသာ ဝယ်ယူနိုင်ပြီး ဖုန်းလိုင်းတွေဖြတ်တောက်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒါ့အပြင် ဒီနေ့မှာညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ ၊ အင်းတိန်ရွာမှာ ဓာတ်ဆီတစ်လီတာ ၇၀၀၀ ကျပ်အထိပေးဝယ်နေရပြီး ကလော ၊ အောင်ပန်းမှာလည်း စက်သုံးဆီဝယ်ယူဖို့ တန်းဆီစောင့်နေရတယ်လို့ သိရှိရပါတယ်။