ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

သျှမ်း-ကယားနယ်စပ်ပီကင်းစျေးအနီးစစ်ကောင်စီ လေကြောင်းဗုံးကြဲမှု ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရ

သျှမ်း-ကယားနယ်စပ်ပီကင်းစျေးအနီးစစ်ကောင်စီ လေကြောင်းဗုံးကြဲမှု ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရ

Hsan Loi Editor
28/12/2024
Share:

 

သျှမ်း-ကယားနယ်စပ်ဖယ်ခုံမြို့နယ် ၊ ပီကင်း စျေးအနီးဝန်းကျင်ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံး ကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့‌တယ်လို့သိရပါတယ် ။

 

ဖယ်ခုံအနောက်ခြမ်း ပီကင်းစျေးအနီးကို ဒီဇင်ဘာ ၂၇ ရက် ညနေ ၃ နာရီ ဝန်းကျင်လောက်မှာစစ်ကောင်စီက လေယာဥ်နဲ့ ဗုံးကြဲချခဲ့တဲ့အတွက်လူ နေအိမ်တွေထိ ခိုက်ပျက်စီးခဲ့ရပြီး အသက် ၇၀ ကျော် အဖွားတစ်ဦးထိခိုက်ခဲ့သလိုအသက်၂၀ ဝန်းကျင် လူငယ်တစ်ဦးမှာလည်း လက်တစ်ဖက်ပြတ်သွားခဲ့ရတယ် လို့သိရပါတယ် ။

 

ဒီဇင်ဘာလ ၃ ရက်နေ့ကလည်း ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းက ဆိုင်ခွန် ကျေးရွာအနီးမှာ စစ်ကောင်စီတပ်က လေယာဥ်နဲ့ ဗုံး အလုံး (၄၀) ကျော်ကြဲချခဲ့တာကြောင့် အသက် ၁၃ နှစ်အရွယ် နွားကျောင်းသားတစ်ဦးသေဆုံးခဲ့ရပြီး နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရှိရပါတယ် ။