ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

သျှမ်းအခြေခံပညာရေး ကျောင်းသုံးဖတ်စာအုပ်ပြုစု/တည်းဖြတ်ခဲ့သူ သျှမ်းအမျိုးသား စာဆိုတော်၊ တိုင်းရင်းဆေးသမားတော် လုံးတန်းကေး

သျှမ်းအခြေခံပညာရေး ကျောင်းသုံးဖတ်စာအုပ်ပြုစု/တည်းဖြတ်ခဲ့သူ သျှမ်းအမျိုးသား စာဆိုတော်၊ တိုင်းရင်းဆေးသမားတော် လုံးတန်းကေး

ahadmin
30/11/2022
Share:

 

မွေးဖွားရာဒေသ- သျှမ်းပြည်၊ နမ့်ခမ်းမြို့ ၊ ဟိုနောင်ရပ်။
ငယ်နာမည်- စိုင်းယီ။
အဖအမည်- လုံးရွက်ငင်း၊ အမိအမည်- ပါဆွယ်ဆိုင်။
မွေးသက္ကရာဇ်ခုနှစ်- ၁၂၈၆ (၁၉၂၄ ခုနှစ်)၊ ဇူလိုင်လ ၁၂ ရက်

ပညာရေး- ၁၉၃၂- နမ့်ခမ်းမြို့ မူလတန်းပညာကို ဆရာမနန်းခါးချို၊ ဆရာကြီး ဦးသာဒွေးတို့ထံမှ သင်ယူလေ့လာ။

၁၉၃၇- တွင် ၄-တန်းအောင်မြင်ပြီး လောကုတ္တရာပညာ စာပေများကို သီပေါမြို့နယ်၊ လွယ်ခေး ဇောတိဘုန်းတော်ကြီးကျောင်းတွင် ဆက်လက်ဆည်းပူး။
ရှင်သာမဏေဘွဲ့အမည်- ဓမ္မ၀ဏ္ဏ၊ ၁၉၄၃- တွင် ပဉ္စင်းခံပြီး ၁၉၄၄-တွင်လူ၀တ်လဲ။

၁၉၅၀- တွင် သူရဿတီ ပွဲလမ်းသဘင်ကျင်းပပြီး တန်းကေးအမည်ဖြင့် စာပေများ စတင်ရေးသား။ နောင်ကောင်ကျောင်းဆရာတော်နှင့် သျှမ်းမိဘပြည်သူလူထုများက အားပေးသဖြင့် ကဗျာလင်္ကာ၊ တေးသီချင်း၊ ၀တ္ထုပုံပြင်နှင့် လူငယ်မောင်မယ်များအား လမ်းညွန်မှုဖြစ်စေသော ပညာပေးစာပေများ ရေးသားပြုစုခဲ့။

၁၉၅၇- တွင် သျှမ်းပြည်နယ်ပညာရေးဌာနှက လုံးတန်းကေးအား သျှမ်းကျောင်းသုံး ဖတ်စာအုပ်ရေးသားပြုစုရေးကော်မီတီတွင် အဖွဲ့၀င်တဦးအဖြစ်ရွေးချယ်ခဲ့။ တောင်ကြီးမြို့တွင် အလုပ်လက်ခံပြီး ၅-နှစ်တာကာလအတွင်း အခြေခံသူငယ်တန်းမှ ပဉ္စမတန်း သျှမ်းဖတ် စာအုပ် စုစုပေါင်း (၆) အုပ် ဖြစ်မြောက်အောင်မြင်ရန် ရေးသားတည်းဖြတ်ခဲ့။

၁၉၈၀- တွင် သျှမ်းပြည်နယ်ကောင်စီရုံးက အခြေခံသူငယ်တန်း သျှမ်းကျောင်းသုံးဖတ်စာအုပ်ပြုစုရန် လုံးတန်းကေးအား ကော်မီတီ၀င်တစ်ဦးအဖြစ်ရွေးချယ်ခဲ့။ သူငယ်တန်းနှင့် ပထမတန်းအတွက် ရေးသားပြုစုခဲ့။ သျှမ်းသူငယ်တန်းဖတ်စာအုပ် စောင်ရေ ၁၀၀၀၀၀ (တစ်သိန်း) ကို စာပေဗိမာန်က တာ၀န်ယူပုံနှိပ်ခဲ့။

၁၉၈၇- အဘိဓမ္မာတောင်သာ ဆေးဆရာများအဖွဲ့၀င်။

၁၉၉၂- တိုင်းရင်းဆေးသမားတော်များအဖွဲ့၀င်။

၁၉၉၉- ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှ ပါမောက္ခ ဆင်တာနာက သျှမ်းစာပေလာရောက်သင်ကြားပေးရန် ဖိတ်ကြားသဖြင့် လုံးတန်းကေး သျှမ်းစာပေ (၃) လသင်ကြားပေးရင်း ဂျပန်တက္ကသိုလ်တွင် သျှမ်းစာမျိုးစေ့ချပေးခဲ့။

လုံးတန်းကေးသည် ၁၉၅၀ မှ ၂၀၀၈ အထိ သျှမ်းစာပေများကို အစဉ်တစိုက်ပြုစုရေးသားခဲ့ရင်း၊ ၂၀၁၇ ခုနှစ် – မေလ (၉) ရက်၊ အင်္ဂါနေ့၊ နံနက် (၉း၃၀) အချိန်၊ တောင်ကြီးမြို့၊ မြို့မရပ်၊ အမှတ် (၁၁၁) စဝ်စံထွန်းလမ်းရှိ နေအိမ်တွင် ဘ၀တပါးသို့ကွယ်လွန်ကူးပြောင်းခဲ့ပါသည်။

မှတ်ချက်။ တောင်ကြီးမြို့၊ ဝုန်းဝမ်းသျှမ်းစာအုပ်ဆိုင်၏ ခွင့်ပြုချက်ဖြင့် မူရင်းအာဘော်မပျက်အောင် ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါသည်။

#HsanLoiVoice
https://instagram.com/hsan.loivoice?igshid=YmMyMTA2M2Y=
https://hsanloivoice.org/