ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
ယနေ့ ၂၀၂၃ ခု၊ မတ်လ ၁ ရက်နေ့သည် သျှမ်းလူငယ်များနေ့ ဖြစ်ကြောင်း လေ့လာ သိရှိရသည်။
သျှမ်းအမျိုးသားကြီး (သီရိပျံချီ ဒေါက်တာဘဥာဏ်) ၏ မွေးနေ့ကို အစွဲပြု၍ သျှမ်းလူငယ်များက ၂၀၁၇ ခုနှစ်က စတင် သတ်မှတ်လိုက်သည်ဟု Tai Youth Network စာမျက်နှာက ရေးသားဖော်ပြထားပါသည်။
သီရိပျံချီ ဒေါက်တာ ဘဉာဏ်
၁၉၀၇-၁၉၆၉ ခုနှစ်
သီပေါဇာတိ သျှမ်းဆရာဝန်တဦးဖြစ်သည်။ ၁၉၆၉ ခုနှစ်တွင် ကွယ်လွန်သည်။ အစောပိုင်းဆေးပညာဘွဲ့ရသူတဦးဖြစ်သည်။ သီပေါစော်ဘွား မိသားစုဝင်တဦးနှင့် လက်ထပ်ခဲ့သည်။ ခေတ်သစ်သျှမ်းအမျိုးသားရေးဝါဒ၏ ဖခင်ဟု သတ်မှတ်ခံရသည်။ အဘယ်ကြောင့်ဆိုသော် ဂျပန်သိမ်းပိုက်စဉ်က မျိုးချစ်အစည်းအရုံးနှင့် လူငယ်အဖွဲ့များစည်းများကို ပျိုးထောင်ပေးခဲ့သူဖြစ်သည်။ စစ်ပြီးနောက် ဗြိတိသျှတို့ ဗမာပြည်ကိုလွတ်လပ်ရေးပေးရန်ဖြစ်လာသောအချိန် သျှမ်းပြည်ထောင်စု သီးသန့် လွတ်လပ်ရေးရယူရန်အတွက် နိုးဆော်ခဲ့သူဖြစ်သည်။ ၁၉၄၈ နောက်ပိုင်းကာလများတွင် တောင်ကြီး သျှမ်းပြည်အစိုးရတွင် ကျန်းမာရေးဌာန၏ ထိပ်ပိုင်းအကြီးအကဲတဦး အဖြစ် အမှုထမ်းခဲ့သည်။ သျှမ်းစာပေ၊ ယဉ်ကျေးမှု၊ အနုပညာ၊ ရိုးရာများ အဆင့်မြင့်တင်နိုင်ရန် တက်ကြွစွာ ပါဝင်သည်။ ရန်ကုန်နှင့် မန္တလေးတက္ကသိုလ်များ၌ သျှမ်းကျောင်းသားများ၏ အမျိုးသားရေးလှုပ်ရှားမှုကို လှုပ်ဆော်သည်။ ၁၉၆၂ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် သျှမ်းပြည်မှ အခြားထင်ရှားသော ပုဂ္ဂိုလ်များကဲ့သို့ သူလည်း ၅ နှစ် အကျဉ်းချခံရသည်။ ၁၉၅၉ ခုနှစ်၊ နွံစစ်ဟန်လှုပ်ရှားမှု၌ ပါဝင်ခဲ့သော ခွန်သော်ဒါက သူ၏ မွေးစားသားဖြစ်သည်။
မိဘများ – (စိုင်းနု) + (နန်းခမ်းခက်)
မွေးခြင်းညီအစ်ကိုမောင်နှမများ – လုံးအောင်ဘ၊ နန်းအေးနု၊ လုံးကြာပု၊ လုံးဥာဏ်၊ လုံးဘဟန်၊ လုံးဘဥာဏ် (ဒေါက်တာဘဉာဏ်)
အိမ်ထောင် – စဝ်ဝဏ္ဍဥာဏ်
ပညာရေး
သီပေါမြို့ (A.B.M) ကျောင်း
တောင်ကြီး စော်ဘွားများကျောင်း Shan Chiefs’ School
ပထဝီနှင့် အနုပညာဘာသာရပ်ဂုဏ်ထူးဖြင့် ၁၉၂၆ ခုနှစ်တွင် အထက်တန်းအောင်မြင်
၁၉၂၈ ခုနှစ်တွင် ၁၂ တန်းအောင် (International Examination)
၁၉၃၄ ခုနှစ်တွင် ရန်ကုန် ဆေးတက္ကသိုလ်မှ M.B.B.S ဒေါက်တာဘွဲ့ရ
သီပေါမြို့မစေ◌ျးအနောက်ဘက်၌ ဆေးဆိုင် ၁ နှစ်ကြာဖွင့်ခဲ့
၁၉၃၈ ခုနှစ်၊ စဝ်အုံကြာနှင့် အင်္ဂလန်သို့ ဆေးပညာသွားရောက်သင်ယူ၊ D.T.M (Diploma in Tropical Medicine) Liverpol
၁၉၃၈ ခုနှစ်၊ LM (Rol) လက်မှတ်ရ
ဆေးပညာရပ်ဆိုင်ရာလှုပ်ရှားမှုဘဝမှတ်တမ်း
၁၉၃၈-၁၉၄၀ ခုနစ် အိန္ဒိယမှပြန်လာပြီး နမ့်စန်၊ ဗန်းမော်၊ လားရိူးတို့၌ ဆေးကုခဲ့
ဒုတိယကမ္ဘာစစ်ဖြစ်ပြီး ဆေးကုသရေးလုပ်ငန်းများကို ခတ္တရပ်ဆိုင်းခဲ့ရ
၁၉၄၅ ခုနှစ်တွင် ဂျပန်တို့ဖမ်းဆီးသွားခြင်းခံရပြီး ပြန်လည်ထွက်ပြေးလွတ်မြောက်နိုင်ခဲ့
ဂျပန်တို့ထွက်ခွာသွားပြီး တရုတ်များဝင်ရောက်လာကာ ဒေါက်တာဘဥာဏ် ထပ် အဖမ်းခံလိုက်ရ
သီပေါမှ ဗန်းမော်၊ ယင်းမှ အိန္ဒိယထိ ဖမ်းဆီး ခေါ်ဆောင်သွားခံရ၊ အိန္ဒိယ၌ Captian ဆေးမှူးအဖြစ်တာဝန်ပေးအပ်ခံရ
၁၉၅၂ အမြဲတမ်းခရိုင်ကျန်းမာရေးဆရာဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့
၁၉၅၇ ခုနှစ်၊ သီရိပျံချီဘွဲ့အပ်နှင်းခံရ
၁၉၅၉ ကျန်းမာရေး အရာရှိချုပ်
၁၉၆၂-၁၉၆၈ ထိ အကျဉ်းချခံရ
ဒေါက်တာဘဉာဏ်သည် ဘဝမှတ်တမ်း၌ ၃ ကြိမ်အဖမ်းခံခဲ့ရ (ဂျပန်၊ တရုတ်၊ စစ်တပ်အိမ်စောင့်အစိုးရ)
သျှမ်းစာပေထွန်းကားရေး
သျှမ်းနိုင်ငံတော် အလံတင် ဂုဏ်ပြုတေးသီချင်း ရေးသားပြုစုခဲ့သူ
အင်္ဂလိပ်စာ၊ ဗမာစာမှ သျှမ်းစာသို့ ဘာသာပြန်ခဲ့ခြင်း
၁၉၅၆-၁၉၅၇ ခုနစ် La Wa State အကြောင်းရေးသားခဲ့ခြင်း
၁၉၅၇-၁၉၅၈ ခုနှစ်ထိ သျှမ်းကဗျာ အမြောက်အများ ပြုစုရေးသားခဲ့ခြင်း
သျှမ်းသမိုင်း ရှာဖွေဖော်ထုတ် ပြုစုရေးသားခဲ့ခြင်း
ကွယ်လွန်
၁၉၆၉ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက် (ရန်ကုန်မြို့)
အရိုးအိုးဂူသွင်းသည့်နေရာ သီပေါမြို့ အနောက်ဖက်၊ လွိုင်မူတ်(ပ်)၊ နမ့်မိန်အိုင်နား
Ref: Dr. Chao Tzang Yawnghwe၊ Shn.m.wikipedia.org