ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

သျှမ်းမြောက်ဒေသ တန့်ယန်းမြို့ကို ဝ တပ်ဖွဲ့များ ဝင်ရောက်လာပြီး စစ်ကောင်စီနှင့် လာရောက်တွေ့ဆုံသည်ဟုဆို 

သျှမ်းမြောက်ဒေသ တန့်ယန်းမြို့ကို ဝ တပ်ဖွဲ့များ ဝင်ရောက်လာပြီး စစ်ကောင်စီနှင့် လာရောက်တွေ့ဆုံသည်ဟုဆို 

Hsan Loi Editor
12/07/2024
Share:

 

သျှမ်းမြောက်ဒေသ တန့်ယန်းမြို့ထဲကို ဝ တပ်ဖွဲ့တွေ ဝင်ရောက်လာတာကို ယ‌နေ့ဇူလိုင်လ(၁၁)ရက်မှာ ဒေသခံတစ်ဦးက လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ရုပ်သံမှတ်တမ်း တင်ထားတာ ဖြစ်ပါသည်။

 

UWSA “ ဝ’ တပ်ဖွဲ့ အင်အားအများအပြား တန့်ယန်းမြို့ ထဲကို ကားနဲ့ ဝင်ရောက်လာတာဖြစ်ပြီး ထွက်ပေါ်လာနေတဲ့ သတင်းတွေအရ တန့်ယန်းမှာ တိုက်ပွဲမဖြစ်ပွားရေး စစ်ကောင်စီနဲ့ ညှိနှိုင်းပြီး ဝ တပ်ဖွဲ့တွေ ဝင်ရောက် နေရာယူတာလို့ သိရပါသည်။

 

စစ်ကောင်စီရဲ့ လော်ဘီ Telegram channel တစ်ခုက “ တန့်ယန်းမြို့မှာရှိတဲ့ စစ်ကောင်စီဗျူဟာကုန်းကို UWSA “ ဝ” အဖွဲ့မှ တပ်မဟာမှူး အဆင့်ရှိတဲ့သူက စစ်ကောင်စီမှ ဗျူဟာမှူး အား လာရောက်တွေ့ဆုံပြီး ညှိနှိုင်းမှုတွေလုပ်ကာ မိုင်းရယ်မြို့နဲ့ တန့်ယန်းမြို့ကို ပျက်စီးမှုမဖြစ်စေရဘူးဟု “ ဝ” တပ်ဖွဲ့က အာမခံတယ်” လို့ ဖော်ပြထားပါသည်။

 

နှစ်ဖက် ညှိနှိုင်းမှုအဆင်ပြေပြီး UWSA အဖွဲ့များ တန့်ယန်းမြို့ကနေ ခလရ(၆၇)တပ်ရှိတဲ့ ဟိုယ ရွာဘက်ကို ထွက်လာကြကြောင်း စစ်ကောင်စီလော်ဘီမှ ဆက်လက်ဖော်ပြထားကြောင်း သိရသည်။

 

“ ဝ” တပ်ဖွဲ့များ တန့်ယန်းမြို့ထဲ အင်အား အလုံး အရင်း ဝင်ရောက်လာတာနဲ့ပတ်သက်ပြီး ဒေသခံများက စိုးရိမ်နေကြကြောင်း သိရှိရပါသည်။