ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
သျှမ်းပြည်နယ် အခြေစိုက် သတင်းဌာနတစ်ခုဖြစ်သည့်ကမ္ဘောဇတိုင်းသတင်းဌာန မှအယ်ဒီတာချုပ် ဦးကျော်ဇေယျကို ယနေ့ နံနက် ၃ နာရီတွင် ကြို့ပင်ကောက်ရှိ ၄င်း နေအိမ်တွင် စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မိသားစုဝင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ဦးကျော်ဇေယျသည် စစ်ကောင်စီက ပုဒ်မ ၅၀၅ ဖြင့် ဖမ်းဝရမ်းထုတ်ခံထားသူဖြစ်ပြီး ၄င်း၏မွေးရပ် ကြို့ပင်ကောက်တွင် တိမ်း ရှောင် နေစဥ် ဖမ်းဆီးခံရခြင်းဖြစ်သည် ။
ကမ္ဘောဇတိုင်း သတင်းဌာန ၏ထုတ်ဝေသူအပါအ ဝင် အမျိုးသမီး သတင်းထောက် ၂ ဦးတို့ကို စစ်ကောင်စီက အာဏာသိမ်းကာလအစောပိုင်းတွင် ဖမ်းဆီး ထောင်ချခဲ့ပြီးလက်ရှိတွင် ပြန်လည်လွတ် မြောက်လာပြီးနောက် အယ်ဒီတာချုပ်အား ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည် ။
#HsanLoiVoice
https://instagram.com/hsan.loivoice?igshid=YmMyMTA2M2Y=
https://hsanloivoice.org/