နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

သျှမ်းပြည် အခြေစိုက်ကမ္ဘောဇတိုင်းသတင်းဌာနမှ အယ်ဒီတာချုပ် ဖမ်းဆီးခံရ

သျှမ်းပြည် အခြေစိုက်ကမ္ဘောဇတိုင်းသတင်းဌာနမှ အယ်ဒီတာချုပ် ဖမ်းဆီးခံရ

Hsan Loi Editor
25/12/2022
Share:

 

သျှမ်းပြည်နယ် အခြေစိုက် သတင်းဌာနတစ်ခုဖြစ်သည့်ကမ္ဘောဇတိုင်းသတင်းဌာန မှအယ်ဒီတာချုပ် ဦးကျော်ဇေယျကို ယနေ့ နံနက် ၃ နာရီတွင် ကြို့ပင်ကောက်ရှိ ၄င်း နေအိမ်တွင် စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မိသားစုဝင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ဦးကျော်ဇေယျသည် စစ်ကောင်စီက ပုဒ်မ ၅၀၅ ဖြင့် ဖမ်းဝရမ်းထုတ်ခံထားသူဖြစ်ပြီး ၄င်း၏မွေးရပ် ကြို့ပင်ကောက်တွင် တိမ်း ရှောင် နေစဥ် ဖမ်းဆီးခံရခြင်းဖြစ်သည် ။

ကမ္ဘောဇတိုင်း သတင်းဌာန ၏ထုတ်ဝေသူအပါအ ဝင် အမျိုးသမီး သတင်းထောက် ၂ ဦးတို့ကို စစ်ကောင်စီက အာဏာသိမ်းကာလအစောပိုင်းတွင် ဖမ်းဆီး ထောင်ချခဲ့ပြီးလက်ရှိတွင် ပြန်လည်လွတ် မြောက်လာပြီးနောက် အယ်ဒီတာချုပ်အား ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည် ။

#HsanLoiVoice

https://instagram.com/hsan.loivoice?igshid=YmMyMTA2M2Y=

https://hsanloivoice.org/