ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
၂၀၂၃ ခု၊ ဇွန်လ ၁၅ ရက်နေ့ည ယမန်နေ့ညက သျှမ်း-ထိုင်းနယ်စပ် BB1 သျှမ်းပြည်နယ် ပုံပါကျင်မြို့နယ်မှ ချင်းဒေါင်းမြို့ နယ်မြေထဲသို့ ၉၉၉ (၉သုံးလုံး) အမှတ်တံဆိပ် စိတ်ကြွဆေးပြားများ သယ်ဆောင်သွားသော မြန်မာပြည်သား ၂ ဦးကို ထိုင်းစစ်တပ်က ဖမ်းဆီးရမိပါသည်။
ယင်းလမ်းကြောင်းသည် မြန်မာစစ်တပ် အနည်းဆုံး ၂ ဂိတ်၊ လားဟူပြည်သူ့စစ်နှင့် UWSA ဂိတ် အနည်းဆုံး ၂ နေရာဖြတ်သန်းပြီးမှ ထိုင်းဘက်ကမ်းသို့ ဝင်၍ရသော လမ်းကြောင်းဖြစ်ပါသည်။ နှစ်အတန်ကြာ ပိတ်ထားသော နယ်စပ်လမ်းကြောင်းလည်း ဖြစ်သည်။
၉၉၉ (၉ သုံးလုံး) အမှတ်တံဆိပ်ပါ စိတ်ကြွဆေးပြား ၃၄၂၀၀၀ (သုံးသိန်းလေးသောင်း၂ထောင်) ဖမ်းဆီးရမိကြောင်းထိုင်းစစ်တပ်ဘက်က ထုတ်ပြန်ထားသည်။
Ref: Maesaipress