နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

သျှမ်းပြည်မှ ပြည်ပပို့မည့် ငွေကျပ် ၃၀ ဘီလီယံတန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ၁ ဒသမ ၅ တန် ဖမ်းဆီးရမိ

သျှမ်းပြည်မှ ပြည်ပပို့မည့် ငွေကျပ် ၃၀ ဘီလီယံတန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ၁ ဒသမ ၅ တန် ဖမ်းဆီးရမိ

Hsan Loi Editor
11/03/2023
Share:

 

မတ်လ ၄ ရက်နေ့ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံဂိတ်တွင် သျှမ်းပြည် မြောက်ပိုင်းမှ ရန်ကုန်တိုင်းသို့ ဆီဘောက်ဆာယာဉ်ဖြင့် အိုက်စ် (မက်သ်အဖက်တမင်း) များ သယ်ဆောင်သွားမည့် ဆီဘောက်ဆာ ၈ ဘီးယာဉ်ကို စစ်ဆေးရာ ယာဉ်၏ကိုယ်ထည်အတွင်း သိုဝှက်သယ်ဆောင်လာသည့် ဒေသကာလတန်ဖိုးငွေကျပ် ၃၀ ဘီလီယံ တန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ၁ ဒသမ ၅ တန် သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်အဖွဲ့က ယနေ့ ရေးသားဖော်ပြလိုက်သည်။

 

သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူ ကိုဘုန်း (ခ) ဘုန်းနိုင်ဝင်းအား မတ်လ ၅ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်တွင် တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ နယ်မြေ(၁၂)၊ နေအိမ်တွင် FORD ယာဉ် ၁ စီး နှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း၊ ယခင်ဖမ်းဆီးရမိခဲ့သည့် အိုက်စ်(မက်သ်အဖက်တမင်း)များမှာ လက်ဖက်ခြောက်အိတ်ခွံအမျိုးမျိုးဖြင့် ထုပ်ပိုးခြင်းဖြစ်ပြီး ယခုဖမ်းဆီးရမိခဲ့သည့် အိုက်စ်(မက်သ်အဖက်တမင်း)များမှာ လက်ဖက်ခြောက်အိတ်ထုပ်ပိုးခွံ အမှတ်တံဆိပ်အသစ်ဖြင့် ထုပ်ပိုးထားသည်ဟုဆိုသည်။

 

အိုက်စ် (မက်သ်အဖက်တမင်း) များကို ရှမ်းပြည်နယ်မှ ရန်ကုန်တိုင်းဒေသကြီးသို့ သယ်ဆောင်ပြီး ၎င်းမှတစ်ဆင့် ပင်လယ်ရေကြောင်းအသုံးပြု၍ ပြည်ပသို့ ဆက်လက်သယ်ဆောင်မည်ဖြစ်သည်ဟု သိရသည်။

 

Ref: CCDAC