နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

သျှမ်းပြည်နယ်အတွင်း မြို့နယ် ၁၁ မြို့နယ်မှ ရပ်ကွက် ၁၇ ခုနဲ့ ကျေးရွာအုပ်စု ၁၉၅ ခုမှာ ရွေးကောက်ပွဲများ ကျင်းပရန်အခြေအနေမရှိဟု စစ်ကော်မရှင်ကြေညာ

သျှမ်းပြည်နယ်အတွင်း မြို့နယ် ၁၁ မြို့နယ်မှ ရပ်ကွက် ၁၇ ခုနဲ့ ကျေးရွာအုပ်စု ၁၉၅ ခုမှာ ရွေးကောက်ပွဲများ ကျင်းပရန်အခြေအနေမရှိဟု စစ်ကော်မရှင်ကြေညာ

Hsan Loi Editor
06/12/2025
Share:
စစ်ကော်မရှင် ကျင်းပမယ့် ရွေးကောက်ပွဲ အပိုင်း ၁ နဲ့ အပိုင်း ၂ မှာ သျှမ်းပြည်နယ်အတွင်းရှိ မြို့နယ် ၁၁ မြို့နယ်မှ ရပ်ကွက် ၁၇ ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ၁၉၅ အုပ်စု စုစုပေါင်း ၂၁၂ ခုမှာ ရွေးကောက်ပွဲ ကျင်းပရန် အခြေအနေမရှိကြောင်း စစ်ကော်မရှင်က ယမန်နေ့ညမှာ ထုတ်ပြန်ကြေညာထားပါတယ်။
ရွေးကောက်ပွဲ အပိုင်း(၁)မှာ နောင်ချိုမြို့နယ်ရှိ ကျေးရွာအုပ်စု ၄ အုပ်စု၊ မူဆယ်မြိုနယ် မုံးကိုးမြို့ရှိ ၇ ရပ်ကွက်၊ မန့်ဟီးရိုးမြို့ရှိ ၃ ရပ်ကွက်၊ ပန်ဆိုင်း(ကြူကုတ်) မြို့ ၅ ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ၆၃ အုပ်စု၊ လားရှိုးမြို့နယ်ရှိ ကျေးရွာ အုပ်စု ၆၄ အုပ်စု စတဲ့ နယ်မြေများကို ရွေးကောက်ပွဲ ကျင်းပမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် ဇန်နဝါရီလ ၁၁ ရက်မှာ ကျင်းပမယ့် ရွေးကောက်ပွဲ အပိုင်း(၂)မှာ မိုင်းခတ်မြို့နယ်ရှိ ကျေးရွာအုပ်စု ၄ အုပ်စု၊ မိုင်းဖြတ်မြို့နယ်ရှိ လုံကောင့်ကျေးရွာ အုပ်စု၊ တန့်ယန်းမြို့နယ်ရှိ ကျေးရွာအုပ်စု ၁၆ အုပ်စု၊ မိုင်းရယ်မြို့နယ်ရှိ ကျေးရွာ အုပ်စု ၈ အုပ်စု၊ မိုင်းတုံမြို့နယ်ရှိ ကျေးရွာအုပ်စု ၃ အုပ်စု၊ မိုင်းယောင်းမြို့နယ်ရှိ ကျေးရွာအုပ်စု ၈ အုပ်စု၊ မိုင်းယန်းမြို့နယ် မိုင်းပေါက်မြို့မှ ရပ်ကွက် ၂ ခုနှင့် ကျေးရွာအုပ်စု ၁၃ အုပ်စုနဲ့ မောက်မယ်မြို့နယ်ရှိ ကဒူးကြီးကျေးရွာအုပ်စု တို့ကို ရွေးကောက်ပွဲ ကျင်းပရန် အခြေအနေမရှိဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ က တနိုင်ငံလုံးအတိုင်းအတာအနေနဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိတဲ့ မြို့နယ် ၅၆ မြို့နယ်ရှိတယ်လို့ စစ်ကော်မရှင်က အသိပေးထားပါတယ်။
စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲဟာ ပြည်သူလူထုရဲ့ စိတ်ဝင်စားမှု နည်းပါးနေသလို တဖက်မှာလည်း အတုအယောင်ရွေးကောက်ပွဲမှာ မပါဝင်ဖို့ နဲ့ ရသမျှနည်းလမ်းပေါင်းစုဖြင့် ဆန့်ကျင် တိုက်ဖျက်သွားကြဖို့ အရပ်ဖက်အဖွဲ့အစည်းနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်တွန်းထားပါတယ်။