ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
သျှမ်းပြည်နယ်လွှတ်တော် ဥက္ကဌ ဟောင်း ၊ စစ်ကောင်စီဗဟိုအကြံပေးအဖွဲ့ဝင် ဦးစိုင်းလုံးဆိုင် သည် မတ်လ (၁၉)ရက်နေ့ ည(၇)နာရီခွဲဝန်းကျင်အချိန်က ကွယ်လွန်သွားကြောင်း သိရသည် ။
ဦးစိုင်းလုံးဆိုင် ကွယ်လွန်စဥ် အသက် (၇၈)ရှိပြီဖြစ်ပြီးကျိုင်းတုံမြို့အမှတ်(၄)၊ မိုင်းယန်းလမ်းရှိ ၄င်းနေအိမ်တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်သည် ။
၄င်းသည် ၂၀၁၅ ရွေးကောက်ပွဲတွင် သျှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့မှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကိုယ်စားလှည်အနေဖြင့် ဝင်ရောက်ယှဉ် ပြိုင် အနိုင်ရ၍ လွှတ်တော်ဥက္ကဌ ဖြစ်လာပြီး ၂၀၁၀ခုနှစ်မှ ၂၀၂၀ခုနှစ်အထိ အစိုးရနှစ်ဆက် ဆက်တိုက် ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဌလည်း ဖြစ်ခဲ့သည်။
ဦးစိုင်းလုံးဆိုင်သည် ၂၀၂၁ခုနှစ်ကနေ ၂၀၂၃ခုနှစ်အထိ စစ်ကောင်စီ၏ ဗဟိုအဖွဲ့ဝင်အဖြစ် တာဝန်ပေးခံရပြီး ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့တွင် စစ်ကောင် စီ၏ ဗဟိုအဖွဲ့ဝင် အဖြစ်မှ ထုတ်ပယ်ကာ ဗဟိုအကြံပေးအဖွဲ့၏ အဖွဲ့ဝင်အဖြစ် တာဝန်ပေးခံရပြီးနောက် ကျန်းမာ ရေးအခြေအနေအရ ၂၀၂၅ခုနှစ် ဇန်နဝါရီ(၈) ရက်နေ့မှ စ၍ အကြံပေးအဖွဲ့မှ အနားယူခွင့်ပေးလိုက်သည်ဟုသိရသည် ။