ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
၂၀၂၃ ခုနှစ် မတ်လ (၃၀) ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် (၁၁) ရပ်ကွက်၊ ကန်လမ်းရှိ ဟိုတယ်အနီးတွင် SURF ကားတစ်စီးပေါ်တွင် စိတ်ကြွမူးယစ်ဆေးပြား (၁)သိန်းပြား ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီမီဒီယာများက ဖော်ပြထားသည်။ အဆိုပါဖြစ်စဉ်နှင့်ဆက်စပ်ပြီး မရမ်းကုန်းမြို့နယ် ရပ်ကွက်(၄)ရှိ နေအိမ်တစ်အိမ်ကို မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့မှ ဝင်ရောက်ရှာဖွေရာ စိတ်ကြွမူးယစ်ဆေးဝါး (၃၁)သိန်းပြား ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါမူးယစ်ဆေးဝါးများသည် သျှမ်းပြည်နယ်မှ ရန်ကုန်တိုင်းဒေသကြီးကို ပို့ဆောင်လာခြင်းဖြစ်ပြီး နှစ်သစ်ကူးသင်္ကြန်ကာလအတွင်း ဖြန့်ဖြူးရောင်းချရန်ဟုဆိုသည်။ ထို့ကြောင့် စိတ်ကြွမူးယစ်ဆေးပြား (၃၂)သိန်းပြား တန်ဖိုးငွေကျပ်(၃.၂ ဘီလီယံ) နှင့်အတူ တင်မောင်သန်းနှင့် အောင်သူ တို့(၂) ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သတင်းရရှိသည်။
photo credit & original uploader