ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
သျှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ကောင်စီက လေကြောင်းဖြင့် နေ့စဉ်ဗုံးကြဲတိုက်ခိုက်ခံနေရချိန် သျှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့မှာတော့ စစ်ကောင်စီက တန်ဆောင်တိုင်ပွဲတော်ကို (၇)ရက် ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဟု သိရသည်။
“ စစ်တပ်က စီစဉ်ကျင်းပတဲ့ပွဲပါ၊ တောင်ကြီးမြို့ခံတွေက သိပ်မလုပ်ချင်ကြဘူး၊ သျှမ်းမြောက်မှာ စစ်တပ်ကဗုံးတွေကြဲလို့ လူတွေသေ အဆောက်အဦးတွေပျက်စီး အဲ့လိုဖြစ်နေချိန် ကျွန်တော်တို့ဆီက တန်ဆောင်တိုင်ပွဲလုပ်မယ်ဆိုတော့ သိပ်ဘဝင်မကျဘူး၊ ကိုယ့်ရိုးရာပွဲကိုတော့မြတ်နိုးပါတယ်၊ အခုက နိုင်ငံရေးနဲ့ စီးပွားရေးအခက်အခဲတွေကြား လူတွေ ဒုက္ခရောက်နေချိန်မှာ ဘယ်လိုစိတ်နဲ့ပျော်ရမလဲ” လို့ ဒေသခံတစ်ဦးက Hsan Loi Voice ကိုပြောသည်။
နှစ်စဉ် ကျင်းပလာတဲ့ တောင်ကြီးတန်ဆောင်တိုင်ရိုးရာမီးပုံးပျံပွဲတော်သည် COVID ကပ်ရောဂါနှင့် နိုင်ငံရေး အပြောင်းအလဲကြောင့် ပွဲတော်ကို (၃)နှစ်နားထားခဲ့ရပြီး ယမန်နှစ် ၂၀၂၃ ခုနှစ်မှာ ပြန်လည်ကျင်းပခြင်းဖြစ်သည်။
ယခုနှစ် တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော်ရိုးရာမီးပုံးပျံပြိုင်ပွဲကိုတော့ နိုဝင်ဘာလ(၉)ရက်မှ (၁၅)ရက်နေ့အထိ အဝေရာမီးပုံးပျံကွင်းမှာ (၇)ရက်တိုင်ကျင်းပသွားမှာဖြစ်ပြီး နေ့လွှတ်အရုပ်ပြိုင်ပွဲ အရုပ် ခြေ(၂) ချောင်း ခြေ(၄)ချောင်း အရုပ်အုပ်စုများနှင့် ညလွှတ်ပြိုင်ပွဲဖြစ်တဲ့ ညမီးကြီးမီးပုံးပျံနှင့် စိန်နားပန်မီးပုံးပျံတို့အား ထည့်သွင်းကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ရှမ်းပြည်နယ်တောင်ပိုင်း ရိုးရာမီးပုံးပျံပညာရှင်များအသင်းထံမှ သတင်းရရှိပါသည်။