နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
သျှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း ဖြစ်ပွားတဲ့ SSPP နဲ့ MNDAA တို့အကြား စစ်ရေး တင်းမာမှုနှင့် ပက်သက်ပြီး နှစ်ပါတီဗဟိုအဆင့် တွေ့ဆုံဖြေရှင်းသွားမယ်လို့ SSPP က ယနေ့ မွန်းလွဲ ပိုင်းမှာ ထုတ်ပြန်လာပါတယ်။
ယမန်နေ့ ဧပြီလ ၂၉ ရက်နေ့က SSPP/SSA လှုပ်ရှားနယ်မြေအတွင်း ကိုးကန့် MNDAA မှ ကျုးကျော်ဝင်ရောက်လာပြီး SSPP/SSA တပ်ဖွဲ့ဝင်များအား ဖမ်းဆီးရိုက်နှက်မှု၊ တပ်နေရာအတင်း ပြောင်းရွှေ့ခိုင်းမှုကြောင့် နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားကာ ထိခိုက်သေဆုံးမှုများလည်းရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ယမန်နေ့ နံနက်ပိုင်း ၁၀ နာရီဝန်းကျင်က သီပေါမြို့နယ်၊ တင်းဟိုင်းကျေးရွာနဲ့ ဟူးမီးကျေးရွာအနီး ၂နာရီနီးပါး တိုက်ပွဲဖြစ်ပွားပြီး မွန်းလွှဲပိုင်းအချိန်တွင် မိုင်းကျက်၊ မိုင်းရော်၊ ဟိုဟွေးဘက်မှ SSPP တပ်စခန်း ထပ်မံတိုက်ခိုက်ခံရကာ မွန်းလွဲ ၃ နာရီခွဲခန့်အချိန်မှာ စိန်ကျော့တပ်စခန်းကို MNDAA မှ ဝင်ရောက်တိုက်ခိုက်တယ်လို့ ဆိုပါတယ်။
နှစ်ဖက်တိုက်ပွဲအတွင်း SSPP ဘက်က မိုင်းကျက်တပ်စခန်းမှ တပ်သား ၂ ဦး ဒဏ်ရာရရှိပြီး နားနန်းဘက်မှလည်း MNDAA တပ်ဖွဲ့မှ ရိုက်နက်တာကြောင့် တပ်သား ၂ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
SSPP/SSA ၏ ထိန်းချုပ်မှု လက်အောက်ရှိ စိန်ကျော့တပ်စခန်းကိုလည်း လက်ရှိ အချိန်တွင် SSPP/SSA မှ ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်တယ်လို့ SSPP က ထုတ်ပြန်ထားပါတယ်။
လက်ရှိတွင် SSPP/SSA တပ်စခန်းများ တည်ရှိရာ နားနန်းကျေးရွာ၊ နားတော်ကျေးရွာ၊ ခိုနန်းဖ၊ တင်းဟိုင်းကျေးရွာ၊ ဆင်ကျော့ ၊ နားတောင့်၊ နားမခေါ်၊ ဖာစေ (သီပေါ) စတဲ့ နေရာများမှာ ကိုးကန့်တပ် MNDAA မှ အင်အားဖြည့်တင်းမှုများ ပြုလုပ်နေပြီး နှစ်ဖက်တပ်ဖွဲ့ စစ်ရေးတင်းမာတဲ့ အခြေအနေများ ရှိနေတယ်လို့ သိရပါတယ်။