ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
သျှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင် မိုင်းငေါ့မြို့ရှိ စစ်ကောင်စီတပ်အား ယနေ့ (၃၁.၁၂.၂၀၂၃) ရက်နေ့ နံနက်ပိုင်းကစပြီး TNLA က ထိုးစစ်ဆင်တိုက်ခိုက်မှု စတင်ပြုလုပ်ခဲ့သည်။
၂ ဖက်တပ်များ အပြန်အလှန် လက်နက်ကြီး လက်နက်ငယ်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုရှိခဲ့ပြီး ပြည်သူလူထုနေအိမ်ပေါ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခြင်းကြောင့် မီးလောင်ပျက်စီးမှု ရှိခဲ့သည်။
ယခုအခါ မိုင်းငေါမြို့တွင် တပ်စွဲထားသော စစ်ကောင်စီတပ်သည် ပြန်လည်ဆုတ်ခွာနေပြီဖြစ်ကြောင်း ကနဦးသတင်းရရှိသည်။