ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
ယမန်နေ့ နိုဝင်ဘာလ (၂၉) ရက်နေ့တွင် သျှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် နတ်ရေကန်ဝိမုတ္တိဘုန်းကြီးကျောင်းနှင့် တရုတ်သချိုင်းအနီးရှိ လျှိုထဲ၌ သေဆုံးပုတ်ပွနေသော (TNLA+ KIA+ MNDAA+ AA+PDF) တံဆိပ်များပါသော အလောင်းပေါင်း (၇၀) ကျော် တွေ့ရှိခဲ့သည့် စစ်ကောင်စီအဖွဲ့ထံ ပေးပို့ထားသော စာတစ်စောင် ထွက်ရှိလာသည်ကို တွေ့ရှိရသည်။
အဆိုပါစာထဲတွင် နိုဝင်ဘာလ (၂၈) ရက်နေ့တွင်လည်း သေဆုံးနေသော အလောင်းများအား လူမှုကူညီရေးအဖွဲ့တစ်ဖွဲ့မှ မောင်ဖုန်းတောင်အဆင်းလမ်း၊ လမ်း၏ ညာဖက်တွင်ချောင်ကမ်းပါးတွင် မီးမရှို့ဘဲ ပစ်ချထားသည်ကို ဒေသခံများ တွေ့ရှိခဲ့သည်ဟု ဆိုသည်။
ကျောက်မဲမြို့နယ်အတွင်း ပုတ်ပွဲသေဆုံးသော
အလောင်းများအား ရှင်းလင်းပေးရန်အတွက်စာသည်ယမန်နေ့က ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။