ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

သျှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်၌ စစ်ဘေးရှောင်စခန်း (၁၀)နေရာထိရှိလာပြီး စစ်ဘေးရှောင်မိဘပြည်သူ (၅၀၀၀)ဦးကျော်အထိရှိ

သျှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်၌ စစ်ဘေးရှောင်စခန်း (၁၀)နေရာထိရှိလာပြီး စစ်ဘေးရှောင်မိဘပြည်သူ (၅၀၀၀)ဦးကျော်အထိရှိ

Hsan Loi Editor
30/10/2023
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း၌ ၂၀၂၃ ခုနှစ် အောက်တိုဘာလ(၂၇)နေ့တွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့ပြီး သျှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ကောင်စီတပ်စခန်းများအား တစ်ပြိုင်နက်တည်း ဝင်ရောက်တိုက်ခဲ့သည်။ အဆိုပါ တိုက်ပွဲများကြောင့် လားရှိုးမြို့နယ်တွင် ထွက်ပြေးတိမ်းရှောင်ရသော စစ်ဘေးရှောင်မိဘပြည်သူ (၅၀၀၀)ဦးကျော်နေပြီဖြစ်ကာ စစ်ဘေးရှောင်စခန်း (၁၀)နေရာအထိရှိနေပြီဟု သတင်းရရှိသည်။

စစ်ဘေးရှောင်စခန်းများသည်-

(၁) ဟိုနမ့်ဘုန်းကြီးကျောင်း
စစ်ရှောင်ဦးရေ – ၂၅၀ ဦး
ဆက်သွယ်ရန် – စဝ်ခူး – 09260779539
လိုအပ်ချက် – မည်သည့်အကူအညီမှမရရှိသေးပါ၊

(၂) ဟိုပိတ်ဘုန်းကြီးကျောင်း
စစ်ရှောင်ဦးရေ- ၂၀၀ ဦး
ဆက်သွယ်ရန်- နန်းငင်းဟွမ် – 09403751374
လိုအပ်ချက် – ဆန် ၁၀အိတ်နှင့် ဆီအနည်းငယ်သာ လက်ခံရရှိသေးသည်။

(၃) မိုင်းတင်ဘုန်းကြီးကျောင်း
စစ်ရှောင်ဦးရေ -၂၀၀ ဦး
ဆက်သွယ်ရန် – လုံးအားတီ -09770358266
လိုအပ်ချက် – မည်သည့်အကူအညီမရရှိသေးပါ။

(၄) ကုန်းသာဘုန်းကြီးကျောင်း
စစ်ရှောင်များ ပန်နားကျောင်းသို့ ရွှေ့ပြောင်းကြပြီးဟုသိရသည်။
စစ်ရှောင်ဦးရေ – ၄၅၀ဦး
ဆက်သွယ်ရန် – နန်းငွေကြည် -09661465753
လိုအပ်ချက် – မည်သည့်အကူအညီမှမရရှိသေးပါ။

(၅) မန်ဆူဘုန်းကြီးကျောင်း
စစ်ရှောင်ဦးရေ -၃၀၀၀ဦး
ဆက်သွယ်ရန်- စဝ်ခူးကောလိန္ဒ-09403703000
လိုအပ်ချက် – အကူအညီအနည်းငယ်ရရှိ။

(၆) အထက်မန်အိုင်ဘုန်းကြီးကျောင်း
စစ်ရှောင်ဦးရေ- ၂၀၀ဦး
ဆက်သွယ်ရန် – စိုင်းခွန်း-09683495300, 09256343293
လိုအပ်ချက် – အကူအညီအနည်းငယ်လက်ခံရရှိပါသည်။

(၇) တာပုံဘုန်းကြီးကျောင်း
စစ်ရှောင်ဦးရေ -၅၀၀ဦး
ဆက်သွယ်ရန် – နန်းတင်းဟွမ် – 09256421460
လိုအပ်ချက်- အကူအညီအနည်းငယ်ရရှိပါသည်။

(၈) ကောင်းခန်ဘုန်းကြီးကျောင်း
စစ်ရှောင်ဦးရေ -၂၀၀ဦး
ဆက်သွယ်ရန်- စိုင်းလူ-09253085566
လိုအပ်ချက်- မည်သည့်အကူအညီမှမရရှိသေးပါ။

(၉) ပန်နားဘုန်းကြီးကျောင်း
စစ်ရှောင်ဦးရေ- ၆၆၆ဦး
ဆက်သွယ်ရန်- နန်းငွေကြည်- 09661465753
လိုအပ်ချက်-မည်သည့်အကူအညီမျှမရရှိသေးပါ။

(၁၀)မိုင်းကြပ်ဘုန်းကြီးကျောင်း
စစ်ရှောင်ဦးရေ – ၃၀၀ဦး
ဆက်သွယ်ရန် -စိုင်းညွှန့်
လိုအပ်ချက်- မည်သည့်အကူညီမျှမရရှိသေးပါ
###စစ်ရှောင်များအတွက်လိုအပ်ချက်များ
၁။ အစားအသောက်-ဆန်၊ဆီ၊ဆေး၊ဆား
၂။ နွေးထွေးသောအဝတ်အထည်ဆိုဒ်စုံ
၃။ အိပ်ယာ-စောင်အထူ၊ခြင်ထောင်။
စစ်ဘေးရှောင်မိဘပြည်သူများ အကူအညီလိုအပ်နေသည့်အတွက် ဝိုင်းဝန်းကူညီဖေးမပေးနိုင်ပါရန် ဖော်ပြတင်ပြခြင်းဖြစ်သည်။