ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
ယနေ့ အောက်တိုဘာလ (၂၇) ရက်နေ့ နံနက်ပိုင်း(၄)နာရီခန့်ကစတင်ပြီး သျှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်၊ သိန္နီမြို့နယ်၊ မူဆယ်၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ ချင်းရွှေဟော်နှင့် ကျောက်မဲမြို့နယ်တို့၌ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများ တိုက်ပွဲ အကြီးအကျယ်ဖြစ်ပွားလျက်ရှိကြောင်း သတင်းရရှိသည်။
လားရှိုးမြို့နယ် အေတီတံတားအပါအဝင် ဟိုပိတ်တိုးဂိတ်ရှိ စစ်ကောင်စီတပ်များအား တော်လှန်ရေးအင်အားစုများက ယနေ့နံနက်အစောပိုင်းကတည်းက စတင်တိုက်ခိုက်မှုကြောင့် ဟိုပိတ်တိုးဂိတ်လည်း ပိတ်ထားရပြီဟု သိရသည်။
ဒါအပြင် သျှမ်းပြည်နယ်မြောက်ပိုင်း မြို့နယ်တော်တော်များများရှိ စစ်ကောင်စီတပ်၏ ကင်းစခန်းနေရာများနှင့် ရဲစခန်းများအား ယနေ့ နံနက်ပိုင်းကစတင်ကာ တော်လှန်ရေးအင်အားစုများက တစ်ပြိုင်နက်တည်းဝင်ရောက်တိုက်ခိုက်မှုပြုနေခြင်းဖြစ်သည်။
မြောက်ပိုင်းမဟာမိတ်အဖွဲ့၏ ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်သည်ဟု ဒေသခံအချို့ကပြောပြထားသော်လည်း မည်သည့်အဖွဲ့များပါဝင်သည်ကို တိကျစွာမသိရှိရ
သေးပါ။
photo-လားရှိုးမြို့နယ် ဟိုပိတ်တိုးဂိတ်တိုက်ခိုက်ခံထားရသည့်မြင်ကွင်း