ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
သျှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် လုယက်မှု၊ ပြန်ပေးဆွဲမှု ၊ လူသတ်မှု၊ ငွေညစ်မှုများ ကျူးလွန်ခဲ့သူ (၄) ဦးအား MNDAAက သေဒဏ်ပေးလိုက်ကြောင်း The Kokang သတင်းက ဖော်ပြခဲ့သည်။
ယမန်နေ့ မေလ ၂ ရက်က ကိုးကန့်တပ်မတော် (MNDAA) တရားစီရင်ရေးဌာနက သေဒဏ်ပေးခြင်းဖြစ်ကြောင်း သိရသည်။ သေဒဏ်ပေးခံရသည်များသည် Shi Weyong (၂၃ နှစ်)၊ Guo Shaowei (၂၉ နှစ်)၊ Shi Weichang (၁၈ နှစ်)နဲ့ Guo Shauokuan (၂၁ နှစ်)တို့ (၄) ဦးဖြစ်သည်။
၎င်းတို့ (၄)ဦးအနက် တစ်ဦးသည် မန်ပန်ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်းသိရသည်။ အဆိုပါ (၄)ဦး ကျူးလွန်ခဲ့သည့် ပြစ်မှုများကို အများပြည်သူရှေ့ ရှင်းပြခဲ့ပြီး ပြစ်ဒဏ်ပေးခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
photo credit & original uploader