နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

သျှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တစ်ကြော၌ ပြန်ပေးဆွဲမှုကျူးလွန်သူများအား ဖမ်းဆီးရမိပြီဟုဆို

သျှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တစ်ကြော၌ ပြန်ပေးဆွဲမှုကျူးလွန်သူများအား ဖမ်းဆီးရမိပြီဟုဆို

Hsan Loi Editor
28/04/2023
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်း၌ ပြန်ပေးဆွဲပြီးငွေညစ်မှုကျူးလွန်နေသူများအား ကောင်းခါးမြို့တွင် ဖမ်းဆီးရမိခဲ့ပြီဖြစ်ကြောင်း သတင်းရရှိသည်။

 

၎င်းတို့အဖွဲ့ကို စားသောက်ဆိုင်တစ်ဆိုင်တွင် စားသောက်နေကြစဉ် ကောင်းခါးပြည်သူ့စစ်တပ်ဖွဲ့နှင့် စစ်ကောင်စီရဲတပ်ဖွဲ့တို့ ဝိုင်းဝန်းဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

“ သူတို့ကိုဖမ်းတဲ့အချိန်မှာပစ်ခတ်သံတွေတောင်ကြားလို့ အနီးအနားကလူတွေလန့်သွားသေးတယ်။ပြီးတော့ ပတ်ပတ်လည်ကအိမ်တွေဆီက ဖုန်းတွေသိမ်းပြီးစစ်လိုက်သေးတယ်။ ဘာမှရိုက်ထားတာမရှိတဲ့ဖုန်းတွေကိုပြန်ပေးပါပြီ။” ဟု ဒေသခံတစ်ဦးကပြောပြသည်။

 

ပြန်ပေးဆွဲအဖွဲ့သည် ယမန်နေ့က ကွတ်ခိုင်မြို့တွင် အမျိုးသားတစ်ဦးကို ပြန်ပေးဆွဲခဲ့ကြပြီး ယခင်ကလည်းအလားတူပြစ်မှုများ ကျူးလွန်ဖူးကြောင်း ဒေသခံများထံသိရသည်။