ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

သျှမ်းပြည်နယ်မြောက်ပိုင်း နောင်ချို-လားရှိုး ကားလမ်းမကြီးတစ်လျောက် ညပိုင်းပြေးဆွဲသော ကုန်တင်ယာဉ်ကြီးများနှင့်ခရီးသွားယာဉ်များထံ စစ်ကောင်စီတပ်နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်များ ကားသမားများထံ ငွေကြေးအဆမတန်တောင်းနေ

သျှမ်းပြည်နယ်မြောက်ပိုင်း နောင်ချို-လားရှိုး ကားလမ်းမကြီးတစ်လျောက် ညပိုင်းပြေးဆွဲသော ကုန်တင်ယာဉ်ကြီးများနှင့်ခရီးသွားယာဉ်များထံ စစ်ကောင်စီတပ်နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်များ ကားသမားများထံ ငွေကြေးအဆမတန်တောင်းနေ

Hsan Loi Editor
30/03/2023
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း နောင်ချို-လားရှိုး ကားလမ်းမကြီးတစ်လျောက်တွင် စစ်ကောင်စီတပ်အဖွဲ့ဝင်များနှင့် မြောက်ပိုင်းမဟာမိတ်တပ်များက အဖွဲ့ခွဲပြီး ညပိုင်း၌ ကုန်တင်ကားကြီးနှင့် ခရီးသွားယာဉ်များထံ ငွေကြေးအဆမတန် ကောက်ခံနေကြောင်း သိရသည်။ ကုန်တင်ကားကြီးများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက တစ်စီး (၅၀၀၀) ကျပ်မှ (၂၀၀၀၀) ကျပ်အထိ တောင်းဆိုနေပြီး ခရီးသွားတင်ယာဉ်ငယ်များထံပါမကျန် ကောက်ခံနေကြောင်းသိရသည်။

 

“ကျနော်တို့ ကားလေးသမားတွေကိုတော့ အမိုးပေါ်မှာ ကုန်တင်တာနဲ့ လမ်းမှာ လက်တဖြန့်ဖြန့်နဲ့ စောင့်နေကြပြီပဲ။ မပေးရင်လည်း ကုန်တွေချခိုင်း ဟိုစစ်ဒီစစ်နဲ့ဆိုတော့ ကျနော်တို့က ခရီးသည်တွေကို အားနာလို့ ထုတ်ထုတ်ပေးရတယ်။ ကုန်တင်ကားတွေဆို ညပိုင်းပိုပေးရတယ်လို့ ပြောတယ်။” ဟု ခရီးသည်တင်ယာဉ်ငယ်မောင်းသူတစ်ဦးက ပြောပြသည်။

 

အလားတူ ယခုတစ်ပတ်အတွင်း မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် SSPP နှင့် TNLA အဖွဲ့တို့သည်လည်း နောင်ချို-လားရှိုး လမ်းမကြီးတစ်လျောက် လက်နက်များကိုင်ဆောင်ပြီး ကုန်တင်ယာဉ်ကြီးများထံ ငွေကြေးအဆမတန်‌ ကောက်ခံနေကြောင်း သိရသည်။ ကုန်တင်ယာဉ်ကြီး တစ်စီးကို (၂ သောင်းကျပ်) မှ (၂ သိန်းကျပ်) အထိ တောင်းခံလျက်ရှိပြီး ညပိုင်းတွင် ကောက်ခံနေကြသည်။

 

“လားရှိုးကနေ နောင်ချိုအထိဆိုရင် တိုင်းရင်းသားအဖွဲ့တွေက အနည်းဆုံး (၆) နေရာလောက်အထိကို စောင့်ပြီး ကောက်နေကြတယ်။ သီပေါက ကုန်းသာရွာ၊ ကျောက်မဲက ချောင်းခြောက်ရွာ၊ ရင်ကွဲတောင် တွေနားမှာ စောင့်နေကြတယ်။ တစ်ချို့တွေတော့ ယူနီဖောင်းတွေဝတ်ထားကြပေမယ့် တချို့တွေတော့ အရပ်ဝတ်တွေနဲ့စောင့်ပြီး တားတယ်။ သေနတ်တွေနဲ့ဆိုတော့ ကားသမားတွေလည်း ကြောက်တယ်လေ အဲ့ဒါကြောင့်ရပ်ပေးရတယ် တစ်နေရာကို အနည်းဆုံးမပေးရရင် (၂) သောင်းပဲ ။ ဒီကြားထဲ ဗမာစစ်သားနဲ့ရဲတွေကလည်း ကောက်နေကြတာဗျာ။ ကျနော်တို့ကားသမားတွေ အတွက် ရှမ်းမြောက်မှာ ညပိုင်းမောင်းရတာ အန္တရာယ်အရမ်းများနေပြီ ဖြစ်နိုင်ရင် ညပိုင်း မမောင်းကြပါနဲ့ဗျာ။” ဟု ကုန်စိမ်းများပို့ဆောင်နေသော ကုန်တင်ယာဉ်မောင်းတစ်ဦးက ပြောပြသည်။

 

ဒါ့အပြင် ယခု တစ်ပတ်အတွင်း TNLA အဖွဲ့မှ ကျောက်မဲမြို့နယ်အတွင်း ညပိုင်း၌ လူငယ်များကို စစ်သားလုပ်ရန်ဟူ၍ ဝင်ရောက်ဖမ်းဆီးနေကြောင်း သတင်းရရှိသည်။

 

photo credit & original uploader