ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

သျှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် ရိုးရာအရက်ချက်စက်ရုံအနီး ယာဉ်တိုက်မှုဖြစ်ပွားပြီး ဆိုင်ကယ်စီးသူအမျိုးသား ဒဏ်ရာပြင်းထန်စွာရရှိ

သျှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် ရိုးရာအရက်ချက်စက်ရုံအနီး ယာဉ်တိုက်မှုဖြစ်ပွားပြီး ဆိုင်ကယ်စီးသူအမျိုးသား ဒဏ်ရာပြင်းထန်စွာရရှိ

Hsan Loi Editor
18/03/2023
Share:

သျှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် ရိုးရာအရက်ချက်စက်ရုံအနီး ယာဉ်တိုက်မှုဖြစ်ပွားပြီး ဆိုင်ကယ်စီးသူအမျိုးသား ဒဏ်ရာပြင်းထန်စွာရရှိ

18 March 2023

ယနေ့ မတ်လ (၁၈) ရက်နေ့ နံနက် (၁၁) နာရီခန့်တွင် သျှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် လားရှိုး-သီပေါ လမ်းမကြီး ရိုးရာအရက်ချက်စက်ရုံအနီးတွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်စီးသူအမျိုးသား ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး သတိလစ်လျက်ရှိသည်။ ဒဏ်ရာရရှိသူမည်သူမည်ဝါဖြစ်မှန်း မသိရသေးဘဲ လားရှိုးလူငယ်များ လူမှုကူညီရေးအသင်းက လားရှိုးပြည်သူ့ဆေးရုံ ခွဲစိတ်ကုသဆောင်သို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

photo credit & လားရှိုးလူငယ်များလူမှုကူညီရေးအသင်း