ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
သျှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲနှင့်ပတ်သက်၍ စစ်ကောင်စီမှ TNLA ကို ဦးတည်တိုက်ခိုက်ခြင်းမဟုတ်ဘဲ PDF ကို ဦးတည်တိုက်ခိုက်ခြင်းဖြစ်ပြီး TNLA နှင့် နားလည်မှုလွဲခြင်းသာ ဖြစ်သည်ဟု ဒီဇင်ဘာလ (၁၇) ရက်နေ့က စစ်ကောင်စီလက်အောက်ခံ သတင်းမီဒီယာများက ထုတ်ပြန်ခဲ့သည်။ အဆိုပါတိုက်ပွဲတွင် PDF များ၏ လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရမိခဲ့သလို အဆိုပါလက်နက်ခဲယမ်းများသည် စစ်ကိုင်းတိုင်းဒေသကြီး သို့ သယ်ဆောင်ရန် နမ့်ဆန်မြို့နယ် ကုန်းသာရွာတစ်ဝိုက်၌ ရောက်ရှိစဉ် တိုက်ခိုက်ခြင်းဖြစ်ကြောင်း ဖော်ပြခဲ့သည်။
အဆိုပါထုတ်ပြန်ချက်နှင့်ပတ်သက်၍ TNLA အဖွဲ့ကလည်း ယနေ့ ဒီဇင်ဘာလ (၁၈) ရက်နေ့ ရက်စွဲဖြင့် တိုက်ပွဲထုတ်ပြန်ချက် ထုတ်ပြန်ရာ၌ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ (၇)ရက်နေ့တွင် နမ့်ဆန်မြို့နယ် ကုန်းသာ၊ ဟူးမန်းနှင့်မန်လုံကျေးရွာအနီးနားရှိ TNLA တပ်စခန်းများကို စစ်ကောင်စီမှ ရဟတ်ယာဉ် (၅) စီးဖြင့် စကခ (၂၁) တပ်ဖွဲ့များ စီးနင်းဝင်ရောက်ခဲ့ခြင်းကြောင့် ကုန်းသာနှင့်ဟူးမန်းရွာအနီးတွင် တိုက်ပွဲများစတင်ပြင်းထန်ခဲ့ခြင်းဖြစ်ကြောင်း၊ ဒီဇင်ဘာလ (၇) ရက်နေ့မှ (၁၃) ရက်နေ့အထိ နေ့ တိုက်ပွဲပြင်းထန်စွာဖြစ်ခဲ့ကြောင်း၊ တိုက်ပွဲကာလအတွင်း ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်မှု (၂၈) ကြိမ်၊ တိုက်ခိုက်ရေးဂျက်လေယာဉ်ဖြင့် (၃၂) ကြိမ်၊ မန်တုံနှင့် နမ့်ဆန်မြို့မှ လက်နက်ကြီးပစ်ကူ (၃၈) ကြိမ် ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
သတင်းမှားအပေါ် အခြေခံပြီး လေကြောင်းစစ်ဆင်ရေးဖြင့် စီးနင်းဝင်ရောက်လာသော မြန်မာစစ်ကောင်စီ စကခ (၂၁) အဖွဲ့ဝင်များအား TNLA အပြင်းအထန် ခုခံချေမှုန်းတိုက်ခိုက်ခြင်းကြောင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်အများအပြား ကျဆုံးခဲ့သလို အသက်ရှင်လျက်ဖမ်းဆီးနိုင်ခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များစွာလည်း ရှိကြောင်း၊ ဒါ့အပြင် စစ်ကောင်စီတပ်များထံမှ လက်နက်ခဲယမ်းများစွာလည်း သိမ်းဆည်းနိုင်ခဲ့ကြောင်း အသေးစိပ် ဖော်ပြထားပါသည်။
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင်း TNLA အရာရှိအချို့နှင့်တပ်ဖွဲ့ဝင်များ ကျဆုံးခဲ့ရပြီး လေကြောင်းနှင့် လက်နက်ကြီးကြောင်း ထိခိုက်ဒဏ်ရာရသူများလည်း ရှိကြောင်း၊ ဒီဇင်ဘာလ (၁၇) ရက်နေ့က MRTV တွင် စစ်ကောင်စီသတင်းထုတ်ပြန်ခဲ့သကဲ့သို့ ၎င်းတို့ TNLA လက်နက်များ သော်လည်းကောင်း၊ NUG-PDF ၏ လက်နက်ပစ္စည်းများသော်လည်းကောင်း၊ သိမ်းဆည်းခံရခြင်း ဆုံးရှုံးခြင်းမရှိဟု ဖော်ပြထားသည်။
စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကရင်ပြည်နယ် အစရှိသည့် မြန်မာပြည်အနယ်နယ် အရပ်ရပ်ရှိ ဒေသခံမိဘပြည်သူများအား လေကြောင်းစစ်ဆင်ရေး အင်အားအလွန်အကျွံ အသုံးပြုပြီး အလုံးစုံပျက်သုဉ်းရေး လုပ်ဆောင်နေသည့် စစ်ကောင်စီသည် တအာင်းဒေသကိုလည်း ကျူးလွန်ဖျက်ဆီးရန် ကြိုးပမ်းဆောင်ရွက်နေသဖြင့် တအားဒေသမိဘပြည်သူများ တော်လှန်ရေးသတိ အထူးထားရှိပြီး စည်းလုံးညီညွတ်စွာ ခုခံတော်လှန်ကြရန် ရှင်းလင်းထုတ်ပြန်ခဲ့သည်။
အဆိုပါ တိုက်ပွဲကြောင့် နမ့်ဆန်မြို့နယ်ရှိ ကုန်းသာရွာ၊ ဟူးမန်းရွာ၊ မန်လုံရွာမှ နေအိမ်များစွာ ထိခိုက်ပျက်စီးခဲ့ရပြီး ဒေသခံအမြောက်အများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
#HsanLoiVoice
https://instagram.com/hsan.loivoice?igshid=YmMyMTA2M2Y=
https://hsanloivoice.org/