ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

သျှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်းရှိ အသေးစားလုပ်ငန်းရှင်များထံ စာအိတ်များပေးပို့ပြီး TNLA အဖွဲ့မှ ငွေကြေးခြိမ်းခြောက် တောင်းနေဟုဆို

သျှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်းရှိ အသေးစားလုပ်ငန်းရှင်များထံ စာအိတ်များပေးပို့ပြီး TNLA အဖွဲ့မှ ငွေကြေးခြိမ်းခြောက် တောင်းနေဟုဆို

ahadmin
10/12/2022
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း TNLA အဖွဲ့မှ ဒေသခံ တစ်နိုင်တစ်ပိုင် အသေးစားလုပ်ငန်းရှင်များထံ အခွန်အမျိုးမျိုးခေါင်းစဉ်တပ်ပြီး ငွေကြေးခြိမ်းခြောက် တောင်းနေမှုများ ပြုလုပ်နေကြကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။

“ ကျနော်တို့က သူများတွေလို ပြောင်းဖူးပွဲစားကြီးတွေလည်းမဟုတ်ဘူးဆိုတော့ မကောက်လောက်ပါဘူးထင်ခဲ့တာလေ။ အိမ်ကိုဘယ်လိုသိမှန်းလည်းမသိဘူး စာအိတ်ကိုတခြားသူတွေနဲ့လာပေးခိုင်းတာ။ ပြီးတော့ ဖုန်းဆက်တော့ ကျနော်ကဖုန်းကို အသံဖမ်းနေကျဆိုတော့ အသံဖမ်းယူထားသလိုဖြစ်သွားတယ်။ ပြန်နားထောင်ကြည့်တဲ့အချိန် သူတို့ပြောတဲ့အသံမကြားရတော့ဘဲ ကျနော်ပြောတဲ့အသံပဲကြားရတာ။ နည်းပညာပိုင်းလည်း သူတို့ကို အထင်သေးလို့မရဘူး။

ကျနော့်ကို ကျောက်မဲမြို့ထဲက လမ်းကျိုလမ်းကြားတစ်ခုထဲမှာ ချိန်းပြီး ငွေသွားပေးခိုင်းတာ။ ဖြတ်ပိုင်းတော့ပေးလိုက်တယ် ၁၃ သိန်းပေးရတာကို ၁၀ သိန်းပဲ ဖြတ်ပိုင်းထဲမှာရေးထည့်လိုက်တယ်။ ၃ သိန်းက သူတို့ ဟင်းဖိုးဆိုပြီးပြောတယ်။

ကျနော်တို့ သျှမ်းတွေကို တခြားအဖွဲ့က ဒီလိုအနိုင်လာကျင့်နေတာ ပြန်တွေးမိတိုင်း SSPP ဝမ်ဟိုင်းအဖွဲ့ကို စိတ်တိုတယ်။ သူတို့ခေါ်လာတဲ့အဖွဲ့ကို သူတို့မထိန်းပေးတဲ့အပြင် အားပေးအားမြောက်လုပ်နေသလားတောင် ထင်ရတယ်။” ဟု အသေးစား သီးနှံပွဲရုံလုပ်ငန်းရှင်တစ်ဦးကပြောပြသည်။

ရှေး (၃) လ ခန့်ကလည်း ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာရှိ စားသောက်ဆိုင်တစ်ဆိုင်ထံ TNLA အဖွဲ့မှ ငွေတောင်းတာကို မပေးသောကြောင့်ဆိုကာ ဆိုင်ပိုင်ရှင်သမီးကို ခေါ်ဆောင်သွားပြီး ငွေဖြင့်ပြန်သွားရွေးယူခဲ့ကြောင်း သိရသည်။

ကျောက်မဲမြို့နယ်အတွင်း စားသောက်ဆိုင်များ ၊ လုပ်ငန်းရှင်များသည် SSPP အဖွဲ့ကိုလည်း အခွန်ဆိုပြီး ငွေကြေးပေးဆောင်နေရသလို TNLA အဖွဲ့ကိုလည်း အလားတူပုံစံမျိုး ပေးဆောင်နေရခြင်း ဖြစ်သည်။

#HsanLoiVoice
https://instagram.com/hsan.loivoice?igshid=YmMyMTA2M2Y=
https://hsanloivoice.org/