ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
သျှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင် စစ်ကောင်စီအဖွဲ့၏ စစ်မှုထမ်းဥပဒေ စတင်အသက်သွင်းနေပြီဖြစ်ပြီး မဲနိူက်ရွေးချယ်ရန် ပြင်ဆင်နေပြီဖြစ်သည်ဟု သိရသည်။
စစ်ကောင်စီ၏ ထုတ်ပြန်ထားသော အသက်အရွယ်အပိုင်းအခြားအတိုင်း အမျိုးသားများအား စတင်ရွေးချယ်မဲနိူက်သွားမည်ဖြစ်ပြီး တစ်ရပ်ကွက်လျှင် (၃) ဦးဖြင့် စတင်သွားမည်ဟု စုံစမ်းသိရှိရသည်။
“ (၁၈.၃.၂၀၂၄) ရက်နေ့မှာ ရပ်ကွက်အလိုက် Smart Card တွေသွားလုပ်ကြဖို့ စာထုတ်တယ်။ ပြီးတော့ မနေ့က စစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီး ရပ်ကွက်လူကြီးကနေ အစည်းအဝေးခေါ်ပြီးပြောတယ်။ နာမည်ပါတဲ့သူတွေထွက်ပြေးတာပဲဖြစ်ဖြစ် ရောက်မလာခဲ့ရင်ပဲဖြစ်ဖြစ် အိမ်အထိလာခေါ်မယ်တဲ့။ ပြီးတော့ သူတို့ကိုစစ်မှုထမ်းတဲ့အချိန် ရရှိမယ့် ခံစားခွင့်တွေလည်း ရှင်းပြသွားတယ်။” ဟု တောင်ကြီးဒေသခံတစ်ဦးကပြောပြသည်။
စစ်ကောင်စီအဖွဲ့၏ စစ်မှုထမ်းဥပဒေကြောင့် လူငယ်အများအပြား စိုးရိမ်ထိတ်လန့်နေပြီး စစ်သင်တန်းပြီးပါက ရှေ့တန်းပို့ဆောင်ခံရမည်ဟု ကောလာဟလများလည်း ထွက်ပေါ်လျက်ရှိသည်။