ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
သျှမ်းပြည်နယ် တောင်ပိုင်း ၊တောင်လေးလုံးအကျဥ်းထောင်တွင် ၅၀၅(က) ဖြင့် ဖမ်းဆီးခံထားရ သူ ကျား/မ ပေါင်း ( ၁၆ ) ဦး ယနေ့တွင် လွတ်/ငြိမ်းဖြင့် ပြန်လည်လွတ်မြောက်လာကြောင်း သတင်းရင်းမြစ်ထံမှ သိရသည် ။
တောင်လေးလုံးအကျဥ်းထောင်တွင် ယနေ့ပြန်လည် လွတ်မြောက်လာသူများထဲတွင် အမျိုးသမီးအရည်အတွက်များပြီး အောင် ပန်း၊ ဟဲဟိုး၊ အေးသာယာက ဒေသခံများဖြစ်ကြကာ မြို့တော်တောင်ကြီး မှယနေ့ လွတ်မြောက်လာသူမရှိသေးကြောင်း သတင်းရင်းမြစ်က ပြောသည် ။
သျှမ်းမြောက်လားရှိုး အကျဥ်းထောင်တွင်၅၀၅(က) ဖြင့် ဖမ်းဆီးထားသူ စုစုပေါင်း (၁၃) ဦးပြန်လည်လွတ် မြောက်လာ ပြီး အမျိုးသမီး ၂ ဦးပါဝင်ကြောင်း သိရသည် ။
လားရှိုးအကျဥ်းထောင်မှ ကျောက်မဲမြို့နယ်မှ ၁ဦး ၊
ဟိုပန် ၁ ဦး ၊ မူဆယ် မှ ၈ဦး ၊ ကွတ်ခိုင်တွင် ၁ ဦး ၊
လားရှိုး ၂ ဦး စုပေါင်း ၁၃ ဦး ပါဝင်ကြောင်း သတင်းရင်းမြစ်များထံ မှ ကနဦးသိရသည် ။
Photo – ယနေ့ လားရှိုးအကျဥ်းထောင်ရှေ့မြင်ကွင်း