ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

သျှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ် လွယ်ဝိုးတုတ်ရွာသားတစ်ဦး နွားကျောင်းနေစဉ် မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက်ဆုံးရှုံး

သျှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ် လွယ်ဝိုးတုတ်ရွာသားတစ်ဦး နွားကျောင်းနေစဉ် မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက်ဆုံးရှုံး

Hsan Loi Editor
03/06/2024
Share:

 

သျှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ် လွယ်ဝိုးတုတ်ရွာသားတစ်ဦးသည် ယနေ့ ဇွန်လ(၂)ရက်နေ့ နံနက်အစောပိုင်းက လွယ်ဝိုးတုတ်ရွာအနီး နွားကျောင်းနေရင်း မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက် ပြတ်သွားကြောင်း သိရသည်။

 

မိုင်းနင်းမိသောသူသည် လွယ်ဝိုးတုတ်ရွာနေ အသက်(၄၉)နှစ်အရွယ်ရှိသူ ပအိုဝ်းတိုင်းရင်းသား ဦးခွန်ငယ်ဖြစ်သည်။

 

“နွားကျောင်းနေရင်း မြေမြုပ်မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက်ပြတ်သွားတယ်။ ဖြစ်ဖြစ်ချင်း ပရဟိတကားတွေရဲ့ အကူအညီနဲ့ တောင်ကြီးစဝ်စံထွန်းဆေးရုံကို ပို့ဆောင်ကုသတယ်။ ဒဏ်ရာအရမ်းပြင်းထန်လို့ အခုတော့ အောင်ပန်းစစ်ဆေးရုံကို ပို့လိုက်ပြီပြောတယ်။ ဖြစ်ဖြစ်ချင်း အဲ့နားမှာရှိတဲ့ စစ်သားတွေကို သူ့ကို တစ်ခါတည်းပစ်သတ်ပေးဖို့ တောင်းဆိုသေးတယ်။ ဘာလို့လဲဆိုရင် သူ့မိသားစုက သူ့ကိုမှီခိုနေရပြီး သူ့ကြောင့် သူ့မိသားစုဝန်ထုပ်ဝန်ပိုး မဖြစ်စေချင်လို့တဲ့လေ။” ဟု ၎င်းအား စဝ်စံထွန်းဆေးရုံပို့ဆောင်ကူညီပေးသူတစ်ဦးက ပြောပြသည်။

 

လွယ်ဝိုးတုတ်ရွာသည် မတ်လကတည်းက စစ်ကောင်စီတပ်နှင့် ပအိုဝ်းအမျိုးသားလွတ်မြှောက်ရေးတပ်မတော်(PNLA) တို့ တိုက်ပွဲဖြစ်ပွားခဲ့သော ကျေးရွာဖြစ်သည်။