ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
သျှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် ပင်လောင်းမြို့နယ် နှင့် ဟိုပုံးမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများ ယနေ့အထိ တိုက်ပွဲဆက်လက်ဖြစ်ပွားနေသော်လည်း ညောင်ရွှေမြို့နယ် အင်းလေးကန်၏ ရေလည်ခန်းမ၌ ရေပေါ်သင်္ကြန်ကျင်းပသွားမည်ဟုဆိုသည်။
အင်းလေးရေပေါ်သင်္ကြန်ကို ဧပြီလ (၁၃) ရက်နေ့မှ (၁၆) ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်သည်။
“ မနှစ်ကတော့ အုပ်ချုပ်ရေးမှူးတွေရဲ့ တိုက်တွန်းမှုနဲ့ ယိမ်းအကအဖွဲ့တွေရော ဘာတွေရောဆိုတော့ နည်းနည်းစည်သလိုပဲပေါ့။ ဒါပေမယ့် ဟိုး ၂၀၁၉ ခုနှစ်တုန်းက လုပ်ခဲ့တဲ့ ရေပေါ်သင်္ကြန်လိုမျိုးတော့ ပျော်စရာမကောင်းဘူး။ အခုနှစ်ကတော့ စစ်မှုထမ်းဥပဒေကတစ်ဖက်၊ တိုက်ပွဲကတစ်ဖက်နဲ့ဆိုတော့ လူစည်မယ်မထင်ပါဘူး။” ဟု အင်းလေးဒေသခံ အင်းသားတစ်ဦးကပြောပြသည်။
ဒါ့အပြင် သျှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့တွင်လည်း အစိုးရဌာနဆိုင်ရာရုံးများ၌ သင်္ကြန်ပွဲကျင်းပရန် မဏ္ဍပ်ထိုးနေပြီဖြစ်သည်။