ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

သျှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့တွင် ကျားဖြန့်လိမ်လည်လုပ်ကိုင်သော တရုတ်နိုင်ငံသား (၁၀၃၈) ဦး ဖမ်းဆီးရမိဟုဆို

သျှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့တွင် ကျားဖြန့်လိမ်လည်လုပ်ကိုင်သော တရုတ်နိုင်ငံသား (၁၀၃၈) ဦး ဖမ်းဆီးရမိဟုဆို

Hsan Loi Editor
26/01/2024
Share:

 

သျှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့တွင် စစ်ကောင်စီအဖွဲ့နှင့် ဒေသခံပြည်သူ့စစ်တို့ပူးပေါင်းပြီး ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သော တရုတ်နိုင်ငံသား (၁၀၃၈) ဦးအား (၂၃.၁.၂၀၂၄) ရက်နေ့က ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ထိုအထဲတွင် အမျိုးသား (၁၀၀၂) ဦး၊ အမျိုးသမီး (၃၆) ဦး ပါဝင်သည်။

“ နမ့်စန်မှာက အရင်ကတည်းက တရားမဝင်လောင်းကစားဝိုင်းတွေ တရားဝင်လိုမျိုးလုပ်နေတာပဲ။ ပန်လျန်းဆိုင်ဘက်ဆိုရင် အဆိုတော်တွေကိုဖိတ်ပြီး ညလုံးပေါက် ပျော်ပွဲရွှင်ပွဲလုပ်သလို တစ်ဖက်မှာလည်း လောင်းကစားဝိုင်းတွေကို တွဲဖွင့်ကြတယ်။ အများအားဖြင့်တော့ ဒေသတွင်းပြည်သူ့စစ်အဖွဲ့တွေက လုံခြုံရေးတောင်ယူထားကြတယ်။” ဟု နမ့်စန်ဒေသခံတစ်ဦးကပြောသည်။

ယခုလို ထောင်ချီသော တရုတ်နိုင်ငံသားများ သျှမ်းပြည်နယ်တောင်ပိုင်းကို ရောက်ရှိလာမှုအပေါ် သံသယဖြစ်စရာကောင်းကြောင်းလည်း ၎င်းကပြောသည်။

နမ့်စန်မြို့နယ်တွင် စစ်ကောင်စီတပ်အပြင် မတ်ကျန်း၊ ပန်လျန်းဆိုင်နှင့် SSS ပြည်သူ့စစ်အဖွဲ့တို့ ရှိသော မြို့တစ်မြို့ဖြစ်သည်။