ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
ယနေ့ ဇူလိုင်လ (၂၁) ရက်နေ့ နံနက် (၅း၂၀) ခန့်တွင် သျှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် ပင်လုံမြို့နယ် ဝမ်နောင်ဝမ်ကုန်းကျေးရွာရှိ ဆောက်လက်စဘုန်းကြီးကျောင်း မတော်တဆမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ မည်သည့်အတွက်ကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းကို မသိရသေးပါ။ မီးလောင်ရာနေရာသို့ ပင်လုံနယ်မြေ မီးသတ်စခန်းမှ မီးသတ်ယာဉ်များဖြင့် လာရောက်ငြိမ်းသတ်ရာ နံနက် (၆း၃၃) တွင် မီးငြိမ်းသတ်ခဲ့ကြောင်း ကနဦး သတင်းရရှိသည်။