ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

သျှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီမှ ပေါင် ၅၀၀ အလေးချိန်ရှိသည့် ဗုံးသီးများ အသုံးပြုပြီး လေကြောင်းတိုက်ခိုက်မှုပြုလုပ်

သျှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီမှ ပေါင် ၅၀၀ အလေးချိန်ရှိသည့် ဗုံးသီးများ အသုံးပြုပြီး လေကြောင်းတိုက်ခိုက်မှုပြုလုပ်

Hsan Loi Editor
27/05/2023
Share:

 

ယနေ့ မေလ (၂၇) ရက်နေ့ နံနက် ၅ နာရီမှ စတင်ပြီး သျှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့နယ်နှင့် သျှမ်း-ကယားနယ်စပ်အတွင်း စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွား ခဲ့ကြောင်း သတင်းရရှိသည်။ နံနက် (၇) နာရီခန့်တွင် စစ်ကောင်စီဘက်မှ အလေးချိန် ပေါင် (၅၀၀) ခန့်ရှိသည့် ဗုံးသီးကြဲချပြီး လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

 

ဒါ့အပြင် မိုးဗြဲမြို့ နေရာတော်တော်များများအား လေယာဉ်စက်သေနတ်ဖြင့် ၇ ကြိမ်ခန့် လည့်ပတ်ပစ်ခတ်ခဲ့ကြောင်း ဒေသသတင်းအရင်းအမြစ်များ၏ ဖော်ပြမှုအရ သိရသည်။ နံနက် (၁၁) နာရီခွဲခန့်အထိ မိုးဗြဲမြို့အခြေစိုက် (၄၂၂) တပ်အပါအဝင် လွိုင်ကော်မြို့ရှိ အမြောက်တပ်များမှ လက်နက်ကြီးများဖြင့် ပစ်ခတ်လျက်ရှိသည်ဟု သိရသည်။

 

လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ အနည်းဆုံး (၂) ဦး ထိခိုက်ဒဏ်ရာရရှိထားသည်ဟု သတင်းရရှိသည်။

 

Source & People spring