ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

သျှမ်းပြည်တောင်ပိုင်းမှာစစ်ရှောင်တွေကို လက်မခံဖို့ ပြည်သူတွေဖိအားပေးခံရ 

သျှမ်းပြည်တောင်ပိုင်းမှာစစ်ရှောင်တွေကို လက်မခံဖို့ ပြည်သူတွေဖိအားပေးခံရ 

Hsan Loi Editor
17/11/2023
Share:

 

သျှမ်းပြည်မြောက်ပိုင်းနဲ့ ကရင်နီဒေသမှာ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် သျှမ်းတောင်တောင်ကြီးအပါအဝင်မြို့နယ်တစ်ချို့မှာ စစ်ရှောင်တွေ လက်မခံဖို့ စစ်ကောင်စီလက်အောက်ခံဌာနတွေက ဖိအားပေးနေတယ်လို့ စစ်ရှောင်အရေးကူညီ နေသူတွေဆီကသိရပါတယ်

 

“ PNOနယ်မြေတွေ ကတော့သူတို့ကျေးရွာတွေမှာ စစ်ရှောင်တွေလက်မခံဖို့ ရပ်ရွာအုပ်ချုပ်ရေးမှူးတွေ ကတစ်ဆင့်ညွန်ကြားထားတာမျိုးတွေရှိတယ် ။ တောင်ကြီး- ဟိုပုံးတိုးဂိတ်အနီးက သျှမ်း မြောက်စစ်ရှောင်တွေရာနဲ့ချီရှိနေတယ် ဘယ်လိုပုံနဲ့ ဘယ်မှာသွား ထားမယ်မသိရ သေး ဘူး ။ဒီရက်ပိုင်းကတော့လွိုင်ကော်ကတက်လာတဲ့စစ်ရှောင်ကားတွေ ညောင်ရွှေဖက် ကိုသွားတော့ နမ့်ပန်ပြည်ထောင်စုလမ်းမှာ ပိတ်စို့စစ်ဆေးပြီးပြန်လွတ်နေတာတွေ ရှိတယ် ”လို့ စစ်ရှောင်အရေးကူညီပေးနေသူတစ်ဦးကပြောပါတယ် ။

 

အင်းလေးဒေသ ၊ညောင်ရွှေမြို့နယ် ၊ နမ့်ပန် လမ်းမကြီးမှာ မနေ့(နိုဝင်ဘာ ၁၆) က စစ်ကောင်စီတပ်နဲ့ လက်အောက်ခံဌာနဆိုင်ရာတွေ ဟာ လွိုင်ကော်ကနေစစ်ရှောင် လာကြတဲ့ ပြည်သူတွေကို စစ်ဆေးပြီး တစ်ချို့ကိုလှည့်ပြန်ခိုင်းတာရှိသလို ဘုန်းကြီး ကျောင်း တွေမှာလဲ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကတစ်ဆင့် စစ်ရှောင်တွေကို လက်မခံဖို့ ဖိအားပေးထားတယ်လို့ ပြောပါတယ် ။

 

“ တိုက်ပွဲတွေကြောင့် နေစရာမရှိတော့တဲ့ လူတွေကိုလူသားချင်းစာနာထောက်ထားလို့ တောင်မရတော့တဲ့ အဖြစ်ရောက်နေပြီ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကလည်း လက်မခံဖို့ ဖိအားပေးတယ် ၊ နေစရာနေရာလေးပေးရုံလေးကို အိမ်ပါချိတ်ပိတ်ခံရနိုင်တယ်ဆိုတဲ့အ ထိ ပြောဆိုနေကြတာတွေလဲရှိတယ် ၊ တစ်ချို့တွေလဲတိုးတိုးတိတ်တိတ်ကူညီလက်ခံထားကြ တာရှိတယ် ။ လက်ခံထားတဲ့ကိစ္စ တွေကိုသတင်းမှာဖော်ပြရင်လဲ စကစ ကလာရစ်မယ် ၊ လက်မခံဘူးလို့ ဆိုရင်လဲသတင်းမှာ အဆဲခံရတယ်

” လို့ တောင်ကြီးဒေသခံတစ်ဦးကပြောပါတယ် ။

 

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရကျေးရွာ တွေနဲ့ တောင်ကြီး ၊အင်းလေးဒေသ ညောင်ရွှေ ၊ မြို့နယ်တွေမှာ မှတ်ပုံတင် ၂ / ကိုင်ဆိုင်ထားသူတွေကို လက်မခံဖို့ စစ်ကောင်စီ ဌာနဆိုင် ရာတွေရဲ့ ဖိအားပေး ညွှန်ကြားမှုတွေကြောင့် စစ်ဘေးရှောင်တွေကို ကူညီသူတွေ အခက် တွေ့နေကြတယ်လို့ဆိုပါတယ် ။

 

သျှမ်းပြည်နယ်မြောက်ပိုင်းကစတင်တဲ့တိုက်ပွဲတွေအပါအဝင် ရခိုင် ပြည် ၊ ကရင်နီပြည် တိုက်ပွဲတွေ ကြောင့် အောက်တိုဘာ လကုန်ပိုင်းကစပြီး နိုဝင် ဘာ ၁၄ ရက်နေ့အထိ တိုင်းနဲ့ပြည်နယ်တွေမှာ နေရပ်စွန့်ခွာ စစ်လေးရှောင်ပြည်သူပေါင်း နှစ်သိန်းကျော် ရှိနေတယ်လို့ UNOCHA ထုတ်ထားပြန်ထားပါတယ် ။

 

ဓါတ်ပုံ – ကရင်နီစသ်ရှောင်များ