ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
သျှမ်းပြည် ဖက်ဒရယ်နိုင်ငံရေးသမားများ၊ လက်နက်ကိုင်ခုခံတွန်းလှန်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့စည်းများကို ထိန်းချုပ်ရန် နှင့် ဗဟိုအုပ်ချုပ်ရေးစနစ် ပိုမိုခိုင်မာတည်တံ့စေရန် စစ်ကောင်စီက တပ်ရင်း 260-300 နီးပါး သျှမ်းပြည်တဝန်း အခြေပြုထားသည်ကို တွေ့ရှိရပါသည်။
သျှမ်းပြည်မြောက်ပိုင်းကိုထိန်းချုပ်ရန် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (ရမခ) ကို လားရိူး၌ အခြေပြုပြီး ကျောက်မဲ၊ နောင်ချို၊ နမ္မတူ၊ သီပေါ၊ သိန္ဒီ၊ ကွတ်ခိုင်၊ နမ့်လန်၊ မိုင်းရယ်၊ ကွမ်းလုံ၊ လောက်ကိုင်၊ တန့်ယန်း၊ ကုန်းကြမ်း၊ ချင်းရွှေဟော်ထိ တပ်ရင်းပေါင်း အနည်းဆုံး ၉၅ ရင်း ဖြန့်ကြက်ထားသည်ကို တွေ့ရှိရသည်။
အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ) ကို တောင်ကြီး၌ အခြေပြုပြီး တောင်ကြီး၊ ဗထူး၊ ညောင်ရွှေ၊ ရပ်စောက်၊ ကလော၊ အောင်ပန်း၊ ပင်လောင်း ကရင်နီပြည် လွိုင်ကော်ထိ တပ်ရင်းပေါင်း အနည်းဆုံး ၄၅ ရင်း ဖြန့်ကြက်ထားသည်ကို တွေ့ရသည်။
အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (ရလခ) ကို ခိုလမ်၌ အခြေပြုပြီး မိုင်းပန်၊ ကာလိ၊ ကွန်ဟိန်း၊ မိုင်းကိုင်၊ ကျေးသီး၊ မိုင်းရူး၊ ပင်လုံထိ တပ်ရင်းပေါင်း အနည်းဆုံး ၆၃ ရင်းခန့် ဖြန့်ကြက်ထားသည်ကို လေ့လာတွေ့ရှိရသည်။
တြိဂံတိုင်းစစ်ဌာနချုပ် (တဂတ) ကို တာချီလိတ်၌ အခြေပြုပြီး တာချီလိတ်၊ တာလေ၊ မိုင်းဆတ်၊ မိုင်းယောင်း၊ မိုင်းတုံ၊ မိုင်းပြင်း၊ ကျိုင်းတုံ၊ မိုင်းယန်း၊ မိုင်းခတ်အထိ တပ်ရင်းပေါင်း အနည်းဆုံး ၅၇ ရင်း ဖြန့်ကြက်ထားသည်ကို တွေ့ရှိရသည်။
(ရမခ၊ ရပခ၊ ရလခ၊ တဂတ) တိုင်းစစ်ဌာနချုပ် ၄ ခု စနစ်တကျဖွဲ့စည်းထားရှိပြီး ၎င်း၏တပ်ရင်းများကို သျှမ်းပြည်တခွင် ပြည့်လျှံအောင် ဖြန့်ကြက်ထားသည်။
စစ်ရေးလှုပ်ရှားမှုသဘောသဘာဝအရ ၎င်းတပ်ရင်းများကို စစ်ကောင်စီက နေရာ အပြောင်းအရွေ့များ ပြုလုပ်နိုင်ပါသည်။
ပြည်နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ရဲခစန်း ခရိုင်ရဲမှူးများ၊ စခန်းမှူးများနှင့် စစစ တို့သည်လည်း တိုင်း ၄ တိုင်း စစ်ဌာနချုပ် ကွပ်ကဲမှုအောက်၌ ထားရှိသည်ကို လေ့လာတွေ့ရှိရသည်။
ပုံပါ စကားလုံးအတိုကောက်
ရမခ – အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်
ရပခ – အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်
ရလခ – အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်
တသခ – တြိဂံတိုင်းစစ်ဌာနချုပ်
ခလရ – ခြေလျှင်တပ်ရင်း
ခမရ – ခြေမြန်တပ်ရင်း
အမတ – အမြှောက်တပ်
မစက – အမြှောက်စခန်းကွပ်ကဲမှု
စအရ – စစ်မြေပြင်အင်္ဂျီနီယာတပ်
ဆလအအစ – ဆောက်လုပ်ရေးအင်္ဂျီနီယာတပ်
ထပရ – ထောက်ပံ့ရေးနှင့်ပို့ဆောင်ရေးတပ်
တကရ – တင့်ကားတပ်ရင်း
အဆရ – အဆင့်မြင့်ဆက်သွယ်မှုတပ်ရင်း
ဆသရ – ဆက်သွယ်ရေးတပ်
မဆရ – စစ်မြေပြင်ဆေးတပ်ရင်း
တဆရ – တပ်မတော်စစ်ဆေးရုံ
ဝတရ – ဝန်တင်တပ်ရင်း
တဆရ – တပ်မတော်ဆေးရုံ
လစရ – လျှပ်စစ်နှင့် အင်္ဂျီနီယာတပ်
တခစ – တည်းခိုရေးစခန်း
စကခ – စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်
မစခ – အမြှောက်တပ်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်
စဗခ – အခြေချစစ်ဗျုဟာဌာနချုပ်
သတရ – သံချပ်ကာတိုက်ခိုက်ရေးတပ်ရင်း
ဒကစ – ဒေသကွပ်ကဲမှုစစ်ဌာနချုပ်