ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

သျှမ်းနယ်စပ်မှ လားဟူအဖွဲ့ တဖွဲ့၏ ၉၉၉ (၉ သုံးလုံး) တံဆိပ် စိတ်ကြွေဆေးပြား (၄,၀၀၀,၀၀၀) ၄ သန်း ဖမ်းဆီးရမိ

သျှမ်းနယ်စပ်မှ လားဟူအဖွဲ့ တဖွဲ့၏ ၉၉၉ (၉ သုံးလုံး) တံဆိပ် စိတ်ကြွေဆေးပြား (၄,၀၀၀,၀၀၀) ၄ သန်း ဖမ်းဆီးရမိ

ahadmin
16/10/2022
Share:
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်၊ ညနက်ပိုင်း ၁၁း၀၀ နာရီဝန်းကျင်ခန့်တွင် ချင်းရိုင်းခရိုင်နယ်မြေ၊ ဘန့်ဒူ အမှတ် ၄ ရပ်ကွက်၊ ဘန့်ဆန်တိအနီး၊ ဖဟိုယိုးထင်းလမ်းရှိ ထိုင်းလုံခြုံရေး စစ်ဆေးရေးဂိတ်တခုတွင် ပိတ်အပ်မော်တော်ယာဥ်တစီးက အစစ်ဆေးမခံ မောင်းနှင်ရာ နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှု ၃ မိနစ်ခန့် ဖြစ်ပွားခဲ့သည်ဟု သိရသည်။
နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှုကြောင့် ၁ ဦးမှာ အခင်းဖြစ်ရာ၌ သေနတ်ကျည်ထိမှန်၍ သေဆုံးသွားခဲ့ပြီး၊ အသက် ၃၄ နှစ်အရွယ် ထိုင်းနိုင်ငံသား လားဟူအမျိုးသား မော်တော်ယာဥ်မောင်းကို ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။
မော်တော်ယာဥ်ပေါ်မှ ၉၉၉ (၉ သုံးလုံး) အမှတ်တံဆိပ် စိတ်ကြွဆေးပြား ပီနှံအိတ် အလုံး ၂၀ သိမ်းဆည်းရမိပြီး အလုံးရေပမာဏ ၄,၀၀၀,၀၀၀ (၄ သန်း) သိမ်းဆည်းရမိခဲ့သည်ဟု ဆိုပါသည်။
ထိုင်းလုံခြုံရေးတပ်ဖွဲ့၏အဆိုအရ အဆိုပါ ၉၉၉ (၉ သုံးလုံး) အမှတ်တံဆိပ် စိတ်ကြွဆေးပြားများသည် သျှမ်းနယ်စပ်မှ လားဟူအဖွဲ့က ထုတ်လုပ်သည့် စိတ်ကြွဆေးပြားများဖြစ်သည်ဟု ဆိုပါသည်။