ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

သျှမ်းတောင်မြို့နယ်တစ်ချို့တွင် ယခုနှစ်သျှမ်းနှစ်သစ်ကူးပွဲတော် ကျင်းပမည်မဟုတ်ကြောင်းထုတ်ပြန် 

သျှမ်းတောင်မြို့နယ်တစ်ချို့တွင် ယခုနှစ်သျှမ်းနှစ်သစ်ကူးပွဲတော် ကျင်းပမည်မဟုတ်ကြောင်းထုတ်ပြန် 

Hsan Loi Editor
26/11/2023
Share:

 

သျှမ်းပြည်တောင်ပိုင်း မောက်မယ်၊ မိုးနဲ ၊ မိုင်းကိုင်၊ကွန်ဟိန်း တို့တွင် ယခုနှစ်သျှမ်းနှစ်သစ်ကူးပွဲတော်ကျင်းပမည်မဟုတ်ကြောင်း သက်ဆိုင်ရာ မြို့နယ်သျှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းက အသီးသီးထုတ်ပြန်ထားသည် ။

 

လက်ရှိဖြစ်ပေါ်နေသော သျှမ်းပြည်နယ်အခြေအနေများကြောင့် ယခုနှစ် ၂၀၂၃နှစ်တွင် ကျရောက်သော သျှမ်းသက္ကရာဇ် (၂၁၁၈ ) ခုနှစ်ပြည့် သျှမ်းနှစ်ကူးပွဲတော်ကို ကျင်းပပြုလုပ်နိုင်မှာမဟုတ်ကြောင်း သိရသည် ။

 

နှစ်စဉ်နတ်တော်လဆန်း ၁ ရက်နေ့တွင်ကျရောက်သော သျှမ်းတိုင်းရင်းသားများ၏ နှစ်သစ်ကူးပွဲတော်ကို စစ်ဘေးဒုက္ခ နှင့်ကြုံတွေ့နေရသော သျှမ်းပြည်နယ်မြောက်ပိုင်းရှိ ဌာနေတိုင်းရင်းသားများအားစာနာထောက်ထားသောအားဖြင့် ယခုနှစ်သျှမ်းနှစ်သစ်ကူးပွဲတော် ကျင်းပမှာမဟုတ်ပဲ သံဃာတော်များကို နှစ်ကူးဆွမ်းကပ်လှူပြီး စစ်ဘေးသင့်ပြည်သူများအတွက် ဆုတောင်းမေတ္တာပို့သခြင်းကိုသာ ပြုလုပ်သွားမည်ဟု အသီးသီးထုတ်ပြန်ထားသည် ။