ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
သျှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်ရွှေညောင်-ရပ်စောက်လမ်းသွားလမ်းရှိကွန်လုံကျေး ရွာအုပ်စု၏ အ.လ.က အမှတ်(၂) အလယ်တန်းကျောင်း တွင်ကျောင်းနောက်ကျ၍ ကျောက်းသား ၂ ဦးကျောင်းထုတ်ခံရ ကြောင်းသိရသည် ။
“ ကျောင်းထုတ်ခံရတဲ့ အကြောင်းရင်းကတော့ ကျောင်းသား နှစ်ယောက်ကျောင်းနောက်ကျ ၃ ခါ ရှိပြီဆိုပြီး ကျောင်းအုပ်ဆရာမကြီးကကျောင်း သား နှစ်ယောက်ကို ရုံးခန်းထဲမှာ ခေါ်သွားပြီး ကျောင်းထွက်ဖို့ လက် မှတ်ထိုးခိုင်းပါတယ် ၊ လက် မှတ်ထိုးပြီးတာနဲ့ ကျောင်းအုပ်ဆရာမကြီးကခလေး နှစ်ယောက်ကို ဒီနေ့ကစပြီး မင်းတို့ ကျောင်းဝိုင်းထဲ လာမဝင်ရဘူးလို့ ပြေားထားပါတယ် ကလေး နှစ်ယောက်လည်း လွယ်အိပ်လေးနဲ့ အိမ်ပြန်လာရတာပေါ့တစ်ယောက်ကတော့ကျောင်းမထွက်ချင်လို့ ငိုပြီးအိမ်ပြန်လာရတယ် ” ဟုကျောင်း သားများနှင့် နီးစပ်သူတစ်ဦးက HsanLoiVoice သို့ပြောသည် ။
ပြီးခဲ့သည့် ဇွန်လိုင် ၇ ရက်က အသက် ၁၅ နှစ် အ ရွယ် ၉တန်းကျောင်းသားများဖြစ်ကြသည့် စိုင်းထွန်းလင်း နှင့်စိုင်းစွမ် တို့ကို ကွန်လုံကျေးရွာအုပ် စု၏ အ.လ.က အမှတ်(၂) အလယ်တန်းကျောင်းအုပ်ဆရာမကြီး မှ ကျောင်းထွက်လက်မှတ် ထိုးခိုင်း၍ ကျောင်းထုတ်ခဲ့ခြင်းဖြစ်သည် ။