ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

သျှမ်းတောင်တွင်ဝန်ထမ်းအင်အားဖြင့် စစ်ကောင်စီက ပြည်သူ့စစ်ဖော်ဆောင်ရန်ကြိုးပမ်းနေ

သျှမ်းတောင်တွင်ဝန်ထမ်းအင်အားဖြင့် စစ်ကောင်စီက ပြည်သူ့စစ်ဖော်ဆောင်ရန်ကြိုးပမ်းနေ

Hsan Loi Editor
14/08/2023
Share:

 

သျှမ်းပြည်နယ်တောင်ပိုင်းတွင် ဌာနဆိုင်ရာဝန်ထမ်းများဖြင့် ပြည်သူ့စစ်ဖော်ဆောင်ရန် ဌာနဆိုင်ရာဝန်ထမ်းများစာရင်းကောက်ယူသည့် ညွှန်ကြားစာ သြဂုတ်လ အစောပိုင်းက ထွက်ရှိထားကြောင်း သိရသည်။

ညွန်ကြားစာတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေအတွင်း ပြည်သူ့စစ်မဟာဗျူဟာဖော်ဆောင်နိုင်ရန်အ တွက် တပ်မတော်၏ အရန်အင်အားများအား ပြည်သူ့စစ် တပ်ရင်းအသွင်ဖွဲ့စည်းခြင်း အင်အားအခြေအနေပေါ်မူ တည်၍ တာဝန်ခွဲဝေပေးခြင်းနှင့် အရေးကြုံလာပါက အရန်အင်အားများဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်မည့်အစီအစဥ် ရေးဆွဲတင်ပြရမည် ဖြစ်ကြောင်းပါရှိသည်။

ထို့အပြင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ ရဲတပ်ဖွဲ့မှလွဲ၍ ပြည်နယ်ရုံးများ တောင်ကြီးခရိုင်၊ ကလောခရိုင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသနှင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသတွင်းရှိ ခရိုင်ရုံးနှင့် မြို့နယ်အလိုက် ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းစာရင်းများ ကောက်ယူရန်ပါရှိသည်။

၄င်းစာရင်းများကို ယခုလ ၁၇ ရက်နေ့အရောက် တင်ပြရန် စစ်ကောင်စီ၏ သျှမ်းပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်းမှ လက်မှတ်ထိုး အမိန့်ထုတ်ပြန်ထားခြင်းဖြစ်သည်။