ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

သျှမ်းတောင်တိုက်ပွဲတစ်လအတွင်းအရပ်သားသေ ဆုံးသူ ၃၃ ဦးရှိပြီး စစ်ရှောင်ပြည်သူ ၉ သောင်းကျော် နေရပ်စွန့်ခွါထွက်ပြေးခဲ့ရ

သျှမ်းတောင်တိုက်ပွဲတစ်လအတွင်းအရပ်သားသေ ဆုံးသူ ၃၃ ဦးရှိပြီး စစ်ရှောင်ပြည်သူ ၉ သောင်းကျော် နေရပ်စွန့်ခွါထွက်ပြေးခဲ့ရ

Hsan Loi Editor
25/02/2024
Share:

 

သျှမ်းပြည်တောင်ပိုင်းမှာ ဇန်နဝါရီလ (၂၁) ရက်နေ့က စတင်ပြီး ဖေဖော်ဝါရီလ (၂၂) ရက်နေ့အထိ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO နဲ့ စစ်ကောင်စီ၊ လက် အောက်ခံ PNO ပြည်သူ့စစ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ တစ်လအတွင်း အရပ်သားသေ ဆုံးသူ (၃၃) ဦးရှိ ပြီး စစ်ရှောင်ပြည်သူ ၉ သောင်းကျော်နေရပ်စွန့်ခွါထွက်ပြေးခဲ့ရတယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံးက ထုတ်ပြန်ထားပါတယ်။

 

စစ်ဘေးရှောင်ရတဲ့ကျေးရွာပေါင်း ၁၂၀ နဲ့ ၆ ရပ် ကွက်က ပြည်သူပေါင်း ၉၁၅၁၅ ဦးကျော်ဟာ လက်ရှိမှာ နေရပ်စွန့်ခွာနေရတယ်လို့ သိရပါတယ်။

 

သေဆုံးခဲ့ရတဲ့ အရပ်သား ၃၃ ဦးထဲမှာ အမျိုးသား ၂၈ ဦး၊ အမျိုးသမီး ၄ ဦး၊ ကလေး ၅ ဦးနဲ့ ကျားမ မသိရသေး သူကတစ်ဦးရှိပြီး အရပ်သားထိခိုက်ဒဏ်ရာရရှိမှု (၅၁) ဦး နဲ့ အရပ်သားဖမ်းဆီးခံရသူ (၇) ဦး ရှိတယ်လို့ ထုတ်ပြန်ချက်ထဲပါရှိပါတယ်။

 

ဒီထုတ်ပြန်ချက်တွေဟာ သျှမ်းတောင် တိုက်ပွားဖြစ်ပွားခဲ့တဲ့ ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ လွိုင်လင်မြို့နယ်ကမြေပြင်နဲ့ အွန်လိုင်း (၂) ခုလုံး သတင်း အချက်အလက်တွေဖြစ်ပြီး မြေပြင်မှာ ဒီထက်ကိန်း ဂဏန်းထိခိုက်မှု ပိုများနိုင်တယ်လို့ ဆိုပါတယ်။

 

စစ်ကောင်စီဟာအရပ်သား လေကြောင်းဗုံးကြဲတိုက်ခိုက်မှုအကြိမ်ပေါင်း ၂၇၆ ကြိမ် ၊ လက်နက် ကြီးပစ်ခတ်မှု ၆၂၈ ကြိမ်ရှိခဲ့ပြီး အဲဒီလက်ကြီးပစ် ခတ်မှုတွေ၊ လေယာဉ် နဲ့တိုက်ခိုက်မှုတွေကြောင့် အရပ်သားအဆောက်အုံပျက်စီးမှု ၈၃ လုံးနဲ့အထက် ၊ ဘာသာရေးအဆောက်အုံ ၁၂ ခုထိခိုက်ပျက်စီးခဲ့တယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံးရဲ့အချက် အလက်တွေအရ သိရပါတယ်။