ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

သူ့ညီမလေး တက္ကသိုလ်တက် ဘွဲ့ရနိုင်ဖို့ ကျောင်းထွက်ပေးခဲ့တဲ့အစ်ကို 

သူ့ညီမလေး တက္ကသိုလ်တက် ဘွဲ့ရနိုင်ဖို့ ကျောင်းထွက်ပေးခဲ့တဲ့အစ်ကို 

Hsan Loi Editor
05/12/2022
Share:

 

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်နေ့တွင် ထိုင်းတက္ကသိုလ်ကျောင်းသူလေးတဦးက သူမ၏အစ်ကိုအား ဘွဲ့နှင်းသဘင်အခမ်းအနားဝန်းကျင်တွင် ထိုင်ရှိခိုးခဲ့သော TikTok video” သည် ကြည့်ရူသူ ၁၀ သန်းကျော်သွားခဲ့ပါသည်။ အသက် ၂၇ နှစ်အရွယ် Chanita ဟုအမည်ရသည်။ နခွန်းစီထမရတ်မြို့၊ ရစ်ချဖတ်တက္ကသိုလ်၌ အရပ်ဘက်အုပ်ချုပ်ရေးဘာသာရပ်ကို လေ့လာသင်ယူခဲ့သူဖြစ်သည်။

 

“သူမ ကျောင်းဆက်တက်နိုင်စေရန် အစ်ကိုအရင်းဖြစ်သူက အနှစ်နာခံကာ ကျောင်းထွက်ပေးခဲ့ခြင်းကြောင့်” ဖြစ်သည်။

 

မောင်နှမ ၂ ယောက်စလုံးအတွက် ကျောင်းထားပေးရန် ငွေကြေးမတတ်နိုင်သောကြောင့် အစ်ကိုဖြစ်သူက ကျောင်းထွက်ပေးခဲ့လိုက်ရကြောင်း သူမအရွယ်ရောက်မှ မိခင်ကဖွင့်ဟ ပြောပြခဲ့သည်။ ရာဘာခြံအလုပ်သမားတဦးဖြစ်သဖြင့် ဝင်ငွေသိပ်မကောင်းခဲ့သော မိခင်တဦးလည်းဖြစ်သည်။ ၂၀၁၈ ခုနှစ်တွင် ဘွဲ့ယူရန် အစီအစဥ်ရှိခဲ့သော်လည်း ကိုဗစ်ရောဂါ အခြေအနေကြောင့် ယခုနှစ်မှသာ ဘွဲ့ယူနိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

 

Ref: mustsharenews

Photo: Ying Chanita

#HsanLoiVoice

https://instagram.com/hsan.loivoice?igshid=YmMyMTA2M2Y=

https://hsanloivoice.org/