ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
သျှမ်းပြည်နယ်မြောက်ပိုင်း သီပေါ-လားရှိုးလမ်းပိုင်း စဉ့်အင်ယာယီချောင်းကူးတံတားအနီးတွင် ယနေ့ ဇွန်လ (၁၅) ရက်နေ့ ညနေ (၄:၄၅)နာရီခန့်က ကမ်းကူးဖောင် ကားများတင်ဆောင်ပြီး ကမ်းကပ်စဉ် ဖောင်ပေါ်တင်လာသော ကား(၂) စီး ရေထဲ နစ်မြုပ်ပြုတ်ကျခဲ့ကြောင်း သိရသည်။
အဆိုပါကား(၂)စီးတွင် တစ်စီးသည် ခရီးသည်တင်ကားငယ်တစ်စီးဖြစ်ပြီး နောက်တစ်စီးမှာ လားရှိုးအခြေစိုက် ကမ္ဘောဇ နာရေးလူမှုကူညီရေးအသင်းကားဖြစ်သည်။
မတော်တဆမှု၌ လူအထိအခိုက်မရှိသော်လည်း နစ်မြုပ်ခဲ့သောကားများ ပြန်လည်ဆယ်ယူခြင်းလုပ်ငန်းများ ပြုလုပ်နေသည့်အပြင် ပျက်စီးမှုဖြစ်ပွားခဲ့သော ဖောင်အား ပြန်လည်ပြုပြင်နေသောကြောင့် ကားများဖြတ်သန်းခွင့် ယာယီပိတ်ပင်ထားကြောင်း သိရသည်။