ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

သီပေါ-နမ့်လန်ကြား မှန်လုံကားငယ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့

သီပေါ-နမ့်လန်ကြား မှန်လုံကားငယ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့

Hsan Loi Editor
09/08/2023
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် နမ့်လန်းနှင့်နောင်ကော်ရွာကြား၌ ယမန်နေ့ည (၈) နာရီခန့်က မှန်လုံယာဉ်ငယ်တစ်စီး မတော်တဆ တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ကားတိမ်းမှောက်မှုကြောင့် ကားမောင်းသူနှင့်ယာဉ်နောက်လိုက်ဖြစ်သူ (၂) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ယာဉ်မတော်တဆဖြစ်ပွားရာနေရာသို့ ဖြူစင်နှလုံးသား (နမ့်လန်) လူမှုကူညီရေးအသင်းက အချိန်မီသွားရောက်ခဲ့ပြီး ကားအတွင်းပိတ်မိသော ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်ကို ကူညီကယ်ထုတ်ကာ နမ့်လန်ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သတင်းရရှိသည်။