ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

သီပေါမြို့မှ စိုင်းဘုန်းနွံ နှင့် လဲချားမြို့မှ စိုင်းဆီလူတို့လည်း ခွဲစိတ်ကုသရန် ငွေကြေးအကူအညီလိုအပ်နေ

သီပေါမြို့မှ စိုင်းဘုန်းနွံ နှင့် လဲချားမြို့မှ စိုင်းဆီလူတို့လည်း ခွဲစိတ်ကုသရန် ငွေကြေးအကူအညီလိုအပ်နေ

Hsan Loi Editor
16/02/2023
Share:

 

စိုင်းဘုန်းနွံသည် သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်၊ နောင်တုံကျေးရွာအုပ်စု၊ ဝမ်မိုင်ရွာဇာတိဖြစ်သည်။

 

ကျောက်ကပ်မကောင်းသောကြောင့် တကိုယ်လုံးဖောရောင်ပြီး တောင်ကြီးမြို့တော် အမျိုးသမီးနှင့် ကလေးဆေးရုံ၌ ဖေဖော်ဝါရီလ ၅ ရက်နေ့ကတည်းက လာရောက်ကုသမှုခံယူနေသည်ဟုသိရသည်။

 

ဆေး ၂ လုံးသွင်းပြီး ဖောရောင်ခြင်း ကျဆင်းသွားသော်လည်း ငွေကြေးပြတ်လတ်သွားမှုကြောင့် ဆက်လက်ကုသခြင်းကို ရပ်နားထားရသည်ဟု သိရသည်။

 

နောက်တဖန် ၃-၄ လုံးခန့်သွင်းပေးမှသာ ကောင်းမွန်လာမည်ဟု သိရသည်။

 

စိုင်းဆီလူသည် သျှမ်းပြည် လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်၊ ဝမ်ယိင်းကျေးရွာအုပ်စု အမျိုးသားကျောင်း၌ ပညာသင်ယူနေဆဲ အသက် ၁၄ နှစ်အရွယ် ကျောင်းသားတဦးဖြစ်ပါသည်။

 

၎င်းဖြစ်ပွားနေသော လည်ပင်းကြီးရောဂါကို ခွဲစိတ်ကုသရန်အတွက် အရပ်ဖက်အဖွဲ့အစည်းအချို့၏အကူအညီဖြင့် ရန်ကုန်သို့ သွားရောက်ရမည်ဟု သိရပါသည်။

 

၎င်းတို့အတွက် ဆေးကုသစရိတ်၊ ခွဲစိတ်ကုသစရိတ်နှင့် နေထိုင်သွားလာစားသောက်ရေးအတွက် ကုန်ကျစရိတ်လည်း လိုအပ်နေပြီး စေတနာရှင်များအနေနှင့် ပါဝင်လှူဒါန်းပေးရန် အရပ်ဖက်တာဝန်ခံတဦးက ပြောကြားလာပါသည်။

 

ပါဝင်လှူဒါန်းလိုသူများအနေနှင့် (Tai Youth Yangon၊ Global Shan Network၊ Tai Students Union၊ Shan Community in Japan၊ Tai Youth Organization) အဖွဲ့များထံသို့ တိုက်ရိုက်ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း ပြောပါသည်။