ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

သီပေါမြို့မှာ ၂ လကြာတိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့ ခလရ(၂၃)ကို TNLA နှင့်ပူးပေါင်းတပ်က အပြီးသတ် သိမ်းပိုက်နိုင်ဟုဆို

သီပေါမြို့မှာ ၂ လကြာတိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့ ခလရ(၂၃)ကို TNLA နှင့်ပူးပေါင်းတပ်က အပြီးသတ် သိမ်းပိုက်နိုင်ဟုဆို

Hsan Loi Editor
14/10/2024
Share:

 

သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့မှာ စစ်ကောင်စီနှင့် TNLA ပူးပေါင်းတပ်တို့ ၂ လကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့ အမှတ်(၂၃)ခြေလျင်တပ်ရင်းကို ယမန်နေ့ မွန်းလွဲပိုင်းက TNLA နှင့် ပူးပေါင်းတပ်တို့ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း စုံစမ်းသိရသည်။

 

” ခလရ(၂၃)ကို တအာင်းတပ်က သိမ်းနိုင်ပြီလို့သိထားတယ်၊ တိုက်ပွဲဖြစ်တဲ့နေရာမှာတော့ မနေ့ည (၁၀)နာရီဝန်းကျင်လောက်က စစ်တပ်က လေယာဉ်နဲ့ ဗုံး(၆)ကြိမ်လာကြဲသွားတယ်၊ ထိခိုက်သေဆုံးမှုတော့ မသိရဘူး” လို့ ဒေသခံတစ်ဦးကပြောသည်။

 

သီပေါမြို့နယ်ရှိ ခလရ (၂၃)တပ်စခန်း သိမ်းပိုက်နိုင်မှုအပေါ် အခြေအနေအ‌ေသးစိတ်ကိုတော့ TNLA ဘက်က သတင်းထုတ်ပြန်ထားတာ မရှိသေးပါ။